Connect with us

Asia

တိုကျိုတွင် တစ်ကိုယ်တော် အကြမ်းဖက်တိုက်ခိုက်မှုတွင် အမျိုးသားတစ်ဦးက ကားဖြင့် လူအုပ်ထဲဝင်တိုက်၊ ၉ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံ တာကဲရှိတ (Takeshita) လမ်းပေါ်တွင် မီးသတ်ကားတစ်စီးသွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီဘူယာရပ်ကွက်၌ နှစ်သစ်ကူး အစောပိုင်းအချိန်က အမျိုးသားတစ်ဦးသည် အကြမ်းဖက်တိုက်ခိုက်မှုဟုယူဆရသော လမ်းသွားလမ်းလာများအား ကားဖြင့် ဝင်တိုက်ခဲ့မှုတစ်ခုဖြစ်ခဲ့ရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဇန်နဝါရီလ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ ကားဖြင့်တိုက်ခိုက်သူ အသက် ၂၁ နှစ်အရွယ် ကာဇူဟိကို ကူဆာကဘဲ (Kazuhiro Kusakabe) ကို လူသတ်ရန် ကြိုးပမ်းမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ယင်းဖြစ်ရပ်သည် နှစ်သစ်ကူးအကြိုနှင့် နှစ်သစ်ကူးနေ့များတွင် ဈေးဝယ်သူများစည်ကားလွန်းသဖြင့် ဒီဇင်ဘာလ ၃၁ ရက်ညက ယာဉ်ဝင်ခွင့်ပိတ်ထားသော ဟာရာဂျူကူးခရိုင်ရှိ နာမည်ကျော် တာကဲရှိတ (Takeshita) လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကူဆာကဘဲသည် အိုဆာကာလိုင်စင် နံပါတ်ပြားတပ်ဆင်ထားသော ငှားရမ်းထားသည့်ကားဖြင့် လမ်းသွားလမ်းလာများအား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူများအနက် ဆယ်ကျော်သက်အရွယ်တစ်ဦးမှာ စိုးရိမ်ရသည်ဟု ဆိုသည်။

၎င်းသည် “လူသတ်မှုတစ်ခုအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း” နှင့် ၎င်း၏ အပြုအမူအတွက် “ဆင်ခြေတစ်စုံတစ်ရာပေးသွားမည်မဟုတ်ကြောင်း” ပြောကြားခဲ့ကြောင်း စုံစမ်းစစ်ဆေးမှု သတင်းရင်းမြစ်များအား ကိုးကား၍ ဒေသခံမီဒီယာက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.