Connect with us

Asia

တောင်ကိုရီးယားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မီးလောင်မှုကြောင့် လူ ၃ဦးသေ၊ ၃၇ဦး ဒဏ်ရာရရှိ


ဆိုးလ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်း ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၃ဦးသေဆုံးပြီး အခြားလူ ၃၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းက ဇွန် ၂၆ ရက်တွင်ဖော်ပြခဲ့သည်။

မီးတောက်များသည် Sejong မြို့ ရှိ ဆောက်လက်စ အဆောက်အအုံ၏ မြေအောက် ကားပါကင်နေရာမှ ဒေသစံတော်ချိန် နေ့လည် ၁း၀၀နာရီ တွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းခွင်ရှိ အလုပ်သမား ၃ဦး သေဆုံးသွားခဲ့ပြီး အခြားလူ ၃၇ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၃ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားရှိ ဆောက်လုပ်စ အဆောက်အအုံအားတွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်မှုဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားရှိ ဆောက်လုပ်စ အဆောက်အအုံအားတွေ့ရစဉ် (ဆင်ဟွာ)

ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင် အတွင်း၌ မီးလောင်လွယ်သည့် ပစ္စည်းများစွာ ရှိနေသောကြောင့် မီးလောင်မှုသည် ပိုမိုပြင်းထန်ခဲ့ပြီး မီးသတ်သမားများက ၅နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသည် ဆောက်လုပ်ဆဲဖြစ်၍ မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ်များ တပ်ဆင်ထားခြင်းမရှိကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေး နှင့် မီးငြှိမ်းသတ်ရန် မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ် အစီး ၅၀နီးပါး နှင့် မီးသတ်သမား အယောက် ၂၀၀ခန့် ကို စေလွှတ်ခဲ့ကြောင်း ပြည်တွင်းသတင်းများကဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.