Connect with us

Asia

အင်ဒိုနီးရှားရွေးကောက်ပွဲနေ့တွင်အကြမ်းဖက်တိုက်ခိုက်မှုမဖြစ်ပွားအောင် လုံခြုံရေးတင်းကြပ်စွာချထား

အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ပေးမည့် ရဲတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ဇွန် ၂၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ ယနေ့(ဇွန် ၂၇ ) ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် စစ်သွေးကြွများက အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်ထားပြီးနောက် အင်ဒိုနီးရှားအာဏာပိုင်များက နိုင်ငံအနှံ့လုံခြုရေးကို တင်းကြပ်စွာ ချထားကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ မဲရုံပေါင်း ထောင်ပေါင်းများစွာကို စောင့်ကြည့်ပေးရန် ရဲတပ်ဖွဲ့နှင့် စစ်သားပေါင်း ၂၇ဝ,ဝဝဝ ကျော်ကို ချထားကြောင်း ထိပ်တန်းရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက ဇွန် ၂၆ ရက်တွင်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Hadi Tjahjanto က ပြည်နယ်အဆင့်ရွေးကောက်ပွဲအတွက် လုံခြုံရေးအင်အား ၉၉,ဝဝဝ ဦး နှင့် ဌာနချုပ်များအတွက် အခြားလုံခြုံရေး အင်အား ၈,ဝဝဝ ဦးကို ချထားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် Rikwanto က စစ်သွေးကြွများ၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန် စစ်သားများနှင့်အတူ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၇၁,ဝဝဝ ဦးကို မဲရုံများတွင် ချထားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“ ရွေးကောက်ပွဲကို လုံလုံခြုံခြုံ နဲ့ချောချောမွေ့မွေ့ဖြစ်အောင် ထိန်းသိမ်းဖို့ကျွန်တော်တို့ပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု Rikwanto က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ ပြည်နယ် အားလုံးပေါင်း ၃၄ ခုတွင် ခရိုင်အုပ်ချုပ်ရေးမှူးများ ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ ၊ မြို့တော်ဝန်များအား ဆန္ဒမဲပေးရွေးချယ်မည့် ရွေးကောက်ပွဲကို ယနေ့(ဇွန် ၂၇)ရက်တွင် နိုင်ငံအနှံ့ရှိ မဲရုံများတွင် လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သော ရက်သတ္တပတ်တွင် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၌ ရဲအရာရှိများက အကြမ်းဖက်သံသယတရားခံ ၃ ဦးကို သုတ်သင်ရှင်းလင်းခဲ့ပြီးနောက် ရွေးကောက်ပွဲကာလအတွင်း အနည်းဆုံး အကြမ်းဖက်တိုက်ခိုက်မှု နှစ်ခု ပြုလုပ်ရန် စီစဉ်ထားမှုကို အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်ရေး ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.