Connect with us

Asia

တောင်ကိုရီးယား ဝန်ကြီးချုပ် ကာဂျစ်စတန် နိုင်ငံသို့တရားဝင် ခရီးစဉ် ရောက်ရှိ

တောင်ကိုရီးယား နိုင်ငံ ၀န်ကြီးချုပ် Lee Nak-Yon ကို တွေ့ ရစဉ်(ဆင်ဟွာ)

ဘစ်ရှ်ကတ် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ ဝန်ကြီးချုပ် Lee Nak-Yon သည် ကာဂျစ်စတန် နိုင်ငံ ၊ မြို့တော် ဘစ်ရှ်ကတ်(Bishkek) သို့ တရားဝင် ခရီးစဉ် အဖြစ် ဇူလိုင် ၁၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဘစ်ရှ်ကတ်မြို့Manas အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တောင်ကိုရီးယား နိုင်ငံ ဝန်ကြီးချုပ် Lee Nak-Yon သည် ကာဂျစ် စတန် နိုင်ငံ ဝန်ကြီးချုပ် Mukhammedkaliy Abylgaziyev နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကာဂျစ်စတန် အစိုးရ၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

တောင်ကိုရီးယား နိုင်ငံ ဝန်ကြီးချုပ် Lee Nak-Yon ၏ တရားဝင် ခရီးစဉ် အတွင်း စီစဉ်ထားပြီး တောင်ကိုရီးယား ကုမ္ပဏီပေါင်း ၅၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင်မည့် စီးပွားရေး ဆိုင်ရာ ဖိုရမ် နှစ်ခု အပါအဝင် နှစ်နိုင်ငံ အကျိုးတူ အစည်းအဝေး အချို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံ ဆွေးနွေးမှုများ အတွင်း နှစ်ဘက်လုံးက အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဖြစ်သည့် ကုန်သွယ်မှု ၊ လယ်ယာ စိုက်ပျိုးရေး ၊ ကျန်းမာရေး စောင့်ရှောက်မှု ၊ သတ္တူတွင်း လုပ်ငန်း ၊ ခရီးသွား လုပ်ငန်း ၊ စွမ်းအင် ၊ ပို့ဆောင်ရေး ၊ အထည်အလိပ် လုပ်ငန်း ၊ သတင်းအချက်အလက် နည်းပညာ ၊ ယဉ်ကျေးမှု ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဆက်ဆံမှု နယ်ပယ်များအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာဂျစ်စတန် နိုင်ငံ သမ္မတ Sooronbai Jeenbekov နှင့်လည်း တောင်ကိုရီးယား နိုင်ငံ ဝန်ကြီးချုပ် Lee Nak-Yon သည် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ် အတွင်း နှစ်ဘက် အကျိုးတူ စာချုပ်စာတမ်း အချို့ကို လက်မှတ်ရေးထိုးသွားရန် စီစဉ်ထားကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)