Connect with us

Asia

တောင်ကိုးရီးယား နိုင်ငံ သမ္မတမှ တရုတ် နိုင်ငံ ဂျပန် တော်လှန်ရေး အောင်ပွဲနှစ် ၇၀ ပြည့် အခမ်းအနား တက်ရောက်မည်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တောင်ကိုးရီးယား သမ္မတ Park Geun-hye တို့ ၂၀၁၄ ခုနှစ် ဇူလိုင်လ တွင် တောင်ကိုးရီးယား နိုင်ငံ၌ တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ဆိုးလ် ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
တောင်ကိုးရီးယား သမ္မတ Park Geun-hye သည် စက်တင်ဘာလ ၂ ရက်မှ ၄ ရက် အထိ တရုတ် နိုင်ငံသို့ သွားရောက် လည်ပတ် မည်ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် ပေကျင်းမြို့၌ ကျင်းပမည့် တရုတ် ပြည်သူများ ဂျပန် တော်လှန်ရေး စစ်ပွဲ နှင့် ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားကို တက်ရောက်မည် ဖြစ်ကြောင်း တောင်ကိုးရီးယား နိုင်ငံ သမ္မတ အိမ်တော် Blue House မှ သြဂုတ်လ ၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

Blue House နိုင်ငံခြားရေး လုံခြုံရေး ဆိုင်ရာ ထိပ်တန်း အတွင်းရေးမှူး Ju Chul-ki မှ သမ္မတ Park Geun-hye သည် တရုတ် နိုင်ငံသို့ သွားရောက် လည်ပတ်စဉ် အတွင်း တောင်ကိုးရီးယားနှင့် တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်များမှ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် စီစဉ် ထားကြောင်း ၊ သို့သော် အသေးစိတ် ခရီးစဉ် အစီအစဉ် ကို ဆွေးနွေး နေဆဲ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းတွင် တရုတ် နိုင်ငံမှ ဂျပန် တော်လှန်ရေး စစ်ပွဲ နှင့် ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားကို ပေကျင်းမြို့ ထျန်းအမ်းမိန် ရင်ပြင်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး စစ်ရေးပြ အခမ်းအနားလည်း ပါဝင်ကျင်းပ သွားမည် ဖြစ်သည်။ (Xinhua)