Connect with us

Asia

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်၌ အပြန်အလှန် ပစ်ခတ်

တောင်ကိုရီးယားအလံနှင့် မြောက်ကိုရီးယားအလံ (ဓာတ်ပုံ- အင်တာနက်)

ဆိုးလ်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား (ROK) နှင့် မြောက်ကိုရီးယား (DPRK) နှစ်နိုင်ငံ အနောက်ဘက် နယ်စပ်အနီးတွင် ကြာသပတေးနေ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ယွန်ဟပ် သတင်း အေဂျင်စီတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ (ROK) ကာကွယ်ရေး ဝန်ကြီးဋ္ဌာန အရာရှိတစ်ဦးက တောင်ကိုရီးယားဘက်သို့ ဒေသစံတော်ချိန် နေ့လည် ၃း၅၂ နာရီ အချိန်တွင် ပစ်လွှတ်လိုက်သော ပဲ့ထိန်း ဒုံးကျည် သည် မြောက်ကိုရီးယားဘက်မှ လာတယ်ဟု ယုံကြည်ကြောင်း ဆင်ဟွာသို့ ပြောသည်။

မြောက်ကိုရီးယားဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုသည် တောင်ကိုရီးယားဘက်သို့ ရည်ရွယ်၍ ပစ်ခတ်ခဲ့ သဖြင့် တောင်ကိုရီးယားဘက် မှလည်း ပြန်လည် ပစ်ခတ်ခဲ့ သည်ဟု ဆိုသည်။

လက်ရှိမှာတော့ တောင်ကိုရီးယား တပ်ဖွဲ့တွင် ထိခိုက် ဒဏ်ရာရရှိခြင်း မရှိသေးကြောင်းနှင့် တောင်ကိုရီးယား စစ်တပ်မှ ပြန်လည် ပစ်ခတ်ရန် အတွက်လည်း အသင့်ပြင်ထားကြောင်း သိရသည်။

တောင်ကိုရီးယား သမ္မတ ရုံးမှလည်း ထိုပစ်ခတ်မှုများနှင့် ပတ်သက်၍ အမျိုးသား လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။ပစ်ခတ်မှုများ ဖြစ်ပွားသော အနောက်ဘက် နယ်စပ်အနီး ကျေးရွာများတွင် နေထိုင်သော တောင်ကိုရီးယား လူမျိုးများအား ဒေသစံတော်ချိန် ညနေ ၅း၁၀ နာရီခန့်က နေရာပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ နယ်စပ်အနီး ဝါဒဖြန့် ထုတ်လွှင့်ခြင်းအား ၄၈ နာရီအတွင်း ရပ်တန့်ပေးရန် မြောက်ကိုရီးယားက ပြောကြားထားသည်။ (Xinhua)