Connect with us

Asia

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် စက်ရုံမီးလောင်မှုအတွင်း လူများစွာ ပိတ်မိနေ

ပါကစ္စတန်နိုင်ငံရှိ စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့၌ စက်တင်ဘာလ ၁၆ ရက်တွင် တာယာထုတ်လုပ်သည့်စက်ရုံတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အလုပ်သမားများစွာ ပိတ်မိနေခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ ကရာချိမြို့ ကွိုင်ဒါအာဘတ်နယ်မြေရှိ စက်ရုံအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အခြားနေရာများသို့ ပျံ့နှံ့သွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က မီဒီယာသို့ ပြောခဲ့သည်။

Edhi ပုဂ္ဂလိက ကယ်ဆယ်ရေးဝန်ဆောင်မှုမှ တပ်ဖွဲ့ဝင်၏ ပြောကြားချက်အရ မီးလောင်မှုမှာ အဆင့် ၃ ပမာဏရှိပြီး မီးငြှိမ်းသတ်ရန်နှင့် ပိတ်မိနေသူများအား ကယ်ဆယ်ရန် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါ မီးက လတ်တလော ထုတ်လုပ်ထားသော တာယာများစွာနှင့် စက်ရုံ၏ အကြီးဆုံးအစိတ်အပိုင်းအား ဝါးမျိုသွားခဲ့ကြောင်း ဒေသခံမီဒီယာ သတင်းများအရ သိရသည်။

မီးလောင်ရသည့်အကြောင်းရင်းအား မသိရသေးပေ။ မီးလောင်မှုအား အပြီးအသတ်ငြှိမ်းသတ်ပြီးပါက စုံစမ်းစစ်ဆေးမှုများ စတင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)