Connect with us

Asia

ပီရူးသမ္မတဟောင်း အား ရဲကဖမ်းဆီးရန်ကြိုးစားစဉ်သတ်သေမှုဖြစ်

ပီရူးနိုင်ငံသမ္မတဟောင်း အလန်ဂါစီယာ၂၀၁၆ ခုနှစ်က လီမားမြို့၌မဲပေး နေစဉ်။(ဆင်ဟွာ)

လီမား၊ ဧပြီလ ၁၈ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံသမ္မတဟောင်း အလန်ဂါစီယာ(Alan Garcia) သည်လီမားမြို့ရှိဆေးရုံတစ်ရုံ၌ ဧပြီလ ၁၇ ရက်က သေဆုံးသွားခဲ့ကြောင်း လက်ရှိပီရူးနိုင်ငံသမ္မတ မာတင်ဗစ်ဇ်ကာရာ(Martin Vizcarra) က တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြုရေးသားခဲ့သည်။

သမ္မတ မာတင်ဗစ်ဇ်ကာရာ က သမ္မတဟောင်းအလန်ဂါစီယာ သေဆုံးမှုကြောင့်စိတ်မကောင်းဖြစ်ဝမ်း နည်းရပါကြောင်းပြောကြားခဲ့ပြီး သမ္မတဟောင်း၏မိသားစုနှင့်ချစ်ခင်သူများထံသို့လည်း ကြေကွဲစာနာ ရပါကြောင်း စာရေးသားပေးပို့ခဲ့သည်။

အသက် ၆၉ နှစ်ရှိ အလန်ဂါစီယာ သည်ဘရာဇီးဆောက်လုပ်ရေးလုပ်ငန်းကြီးဖြစ်သော Odebrecht ၏လာဘ်ပေးမှုအရှုပ်တော်ပုံကြီးနှင့် ဆက်စပ်နေသည်ဟူသောစွပ်စွဲမှုများအတွက် တရားရေးအာဏာ ပိုင်များကဖမ်းဆီးစစ်ဆေးရန်အမိန့်ထုတ်ခဲ့မှုမှရှောင်ရှားနိုင်ရန် ၎င်း၏ခေါင်းကိုကိုယ်တိုင်သေနတ်ဖြင့် ပစ်၍ ဧပြီလ ၁၇ ရက်ကအဆုံးစီရင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများကဖေါ်ပြခဲ့သည်။

အလန်ဂါစီယာ အား၎င်း၏အိမ်၌ ကြိုတင်စစ်ဆေးမှု အိမ်အကျယ်ချုပ် ၁၀ ရက် ထားရှိရန်ဖမ်းဆီးချုပ် နှောင်ရေးအတွက် ရဲအရာရှိများကကြိုးစားစဉ် ၎င်းကိုယ်၎င်း သော့ခတ်လှောင်ပိတ်ထားသောအခန်း တစ်ခန်းအတွင်း ခေါင်းကိုသေနတ်ဖြင့်ပစ်ခဲ့ခြင်းဖြစ်သည်။

အလန်ဂါစီယာ ကပီရူးနိုင်ငံ၏ သမ္မတ အဖြစ် ၁၉၈၅ ခုနှစ်မှ ၁၉၉၀ ခုနှစ်ထိတစ်ကြိမ်၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိတစ်ကြိမ် ဆောင်ရွက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.