Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲကျင်းပ


ဂျာကာတာ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် ဧပြီ ၁၇ ရက်က သမ္မတရွေးကောက်ပွဲကျင်းပရာ မှတ်ပုံတင်ထားသော မဲဆန္ဒရှင် သန်း ၁၉၀ က တစ်နိုင်ငံလုံးရှိ မဲရုံပေါင်း ၈ သိန်းကျော်သို့ သွားရောက် သမ္မတနှင့်ဒုတိယသမ္မတ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးကြကြောင်း သိရသည်။

ယခုကျင်းပသည့်ရွေးကောက်ပွဲသည် ဧပြီ ၁၇ ရက် နံနက်ပိုင်း ၇ နာရီတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုမတိုင်မီက ပြည်ပတွင်မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင် ၂ သန်းခန့်သည် သက်ဆိုင်ရာ အင်ဒိုနီးရှား သံရုံးများသို့ သွားရောက်ပြီး မဲပေးခဲ့ကြကြောင်းသိရသည်။

အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များ လာရောက် မဲပေးကြပုံကို တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များ လာရောက် မဲပေးကြပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ယခုရွေးကောက်ပွဲတွင် Indonesian Democratic Party of Struggle (PDI-P) နှင့် ၎င်းတို့၏ မဟာမိတ်အဖွဲ့များမှ ရွေးချယ်ထားသည့် လက်ရှိသမ္မတ Joko Widodo နှင့် Ma’aruf Amin က Great Indonesia Movement Party (Gerindra)နှင့်၎င်း၏မဟာမိတ်အဖွဲ့များမှ ရွေးချယ်ထားသည့် ဗိုလ်ချုပ်ဟောင်း Prabowo Subiantoနှင့် Sandiaga Unoတို့နှင့်အတူ သမ္မတ ရာထူးနှင့် ဒုသမ္မတ ရာထူးကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲအဆင်ပြေချောမွေ့စွာကျင်းပနိုင်ရန် အင်ဒိုနီးရှားအစိုးရသည် တစ်နိုင်ငံလုံးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ၆ သိန်း ချထားကြောင်းနှင့် မဲရုံများတွင်လည်း လုံခြုံရေးများတိုးမြှင့်ချထားကြောင်း သိရသည်။

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ မဲရလဒ်ရေတွက်သည့်လုပ်ငန်းအစီအစဉ်မှာ ကြာမြင့်လေ့ရှိရာ မဲရလဒ်ကို မေလ လဆန်းပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲ၏မဲရရှိမှုအခြေအနေကိုမူ အစောဆုံး ဧပြီ ၁၇ ရက် ညပိုင်းတွင် သိရနိုင်မည်ဟု ခန့်မှန်းရ ကြောင်း သိရသည်။ မဲအနိုင်ရရှိသူသည် ယခုနှစ် အောက်တိုဘာတွင် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်မည့်သက်တမ်းမှာ ၂၀၂၄ ခုနှစ် ပြီးဆုံးမည်ဖြစ် ကြောင်း သိရသည်။

အင်ဒိုနီးရှား၏ ငါးနှစ်တစ်ကြိမ်လွှတ်တော်ရွေးကောက်ပွဲကိုလည်း ဧပြီ ၁၇ ရက်တွင်ပင် တစ်ချိန်တည်း ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117