Connect with us

Asia

တရုတ် နိုင်ငံ၏ မြို့ကြီးများတွင် ဗီယမ်နမ် နိုင်ငံက ခရီးသွား လုပ်ငန်း မြှင့်တင်မှု ဆောင်ရွက်သွားမည်

ဗီယက်နမ် နိုင်ငံ မြို့ တော် ဟိုချီမင်း တွင် ၂၀၁၈ ခုနှစ် ခရီးသွား လုပ်ငန်း ပွဲတော် ကျင်းပမှုများအား တွေ့ ရစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံရှိ ချန်တူး ၊ ချုံချင့် နှင့် ဆန်းကျန့် မြို့ သုံးမြို့တွင် မေလ ၁၅ ရက်မှ ၂၄ ရက် အထိ ဗီယက်နမ် ခရီးသွား လုပ်ငန်းကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ဗီယက်နမ် အမျိုးသား ကမ္ဘာလှည့် ခရီးသွား စီမံခန့်ခွဲရေး ဌာနမှ သိရသည်။

အဆိုပါ မြှင့်တင်ရေး အစီအစဉ်တွင် ခရီးသွား လုပ်ငန်း မူဝါဒ ၊ ကမ္ဘာလှည့် ခရီးသွား အချက်အချာ နေရာများ နှင့် အနုပညာ တင်ဆက်မှုများအား မိတ်ဆက်ခြင်း တို့ပါဝင်မည် ဖြစ်ပြီး တရုတ် ခရီးသွား ကုမ္ပဏီ ၊ လေကြောင်းလိုင်းများ နှင့် ခရီးသွား လုပ်ငန်း စီမံခန့်ခွဲမှု အဖွဲ့အစည်းများ စုစုပေါင်း ၃၀၀ ခန့်အား ပူးပေါင်း ပါဝင်ရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဗီယက်နမ် သတင်း ဌာနက ဖော်ပြခဲ့သည်။

ဗီယက်နမ် နိုင်ငံ နှင့် တရုတ် နိုင်ငံ အကြား လေယာဉ် ခရီးစဉ် အကြိမ်ရေ များပြားခြင်း ၊ ခရီးသွားလာမှု အချိန် တိုတောင်းမှု နှင့် ကုန်ကျစရိတ် နည်းပါးမှုတို့ကြောင့် အနာဂတ် ကာလတွင် ဗီယက်နမ် နိုင်ငံသို့လာရောက် လည်ပတ်မည့် တရုတ် ခရီးသွား အရေအတွက် တိုးမြင့်လာမည်ဟု ခန့်မှန်းရကြောင်း ဗီယက်နမ် သတင်း ဌာနက ဖော်ပြခဲ့ပြီး ဗီယက်နမ် နှင့် တရုတ် လေကြောင်းလိုင်း ၁၀ လိုင်းကျော်သည် လက်ရှိတွင် တရုတ် နိုင်ငံ ၏ မြို့ပေါင်း ၂၀ နှင့် ဗီယက်နမ် ပြည်တွင်း ဒေသများကို လေကြောင်းလမ်း ၃၀ ဖြင့် စုစုပေါင်း တစ်ပတ်လျှင် လေကြောင်း ပျံသန်းမှု ခရီးစဉ် ၅၀၀ ကျော် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

ဗီယက်နမ် နိုင်ငံသို့ယခုနှစ် ပထမ သုံးလပတ် အတွင်း နိုင်ငံတကာမှ ခရီးသည် ၄.၅ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အထူးသဖြင့် တရုတ် နိုင်ငံမှ လာရောက် လည်ပတ်သူမှာ နိုင်ငံတကာမှ လာရောက်သူ စုစုပေါင်း၏ ၂၈.၅ ရာခိုင်နှုန်း နီးပါး သို့မဟုတ် တရုတ် ခရီးသွား အရေအတွက် ၁.၃ သန်း ရှိကြောင်း ဗီယက်နမ် အမျိုးသား ကမ္ဘာလှည့် ခရီးသွား စီမံခန့်ခွဲရေး ဌာနမှ သိရသည်။(Xinhua)