Connect with us

Asia

မနီလာရှိ ဟိုတယ် တိုက်ခိုက်ခံရပြီး သေဆုံးသူ ၃၄ ဦး တွေ့ရှိ

တိုက်ခိုက် မီးရှို့မှု ဖြစ်ပွားခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Resorts World Manila အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Resorts World Manila အတွင်း သေနတ်သမား တစ်ဦး တိုက်ခိုက်ပြီး မီးရှို့ခဲ့ပြီးနောက် အနည်းဆုံး လူ ၃၄ ဦး သေဆုံးပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဇွန်လ ၁ ရက်တွင် ပြောကြားလိုက်သည်။

“တချို့ အလောင်းတွေကို ဒုတိယထပ်က ကာစီနို အတွင်းခန်းမှာ တွေ့တယ်၊ အချို့ကိုတော့ ဇိမ်ခန်းအတွင်းမှာ တွေ့ရတယ်” ဟု တောင်ပိုင်း ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ တိုမက်စ် အပိုလီနာရီယိုက CNN ဖိလစ်ပိုင် သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

သေဆုံးသူအများစုမှာ မီးခိုကြောင့် အသက်ရှုကြပ်ကာ သေဆုံးခဲ့သည်ဟု ယူဆထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.