Connect with us

Asia

သီရိလင်္ကာ နိုင်ငံ တွင် ရေကြီးမှု နှင့် မြေပြိုမှု ကြောင့် သေဆုံးသူ လက်ရှိချိန်တွင် ၂၀၂ ဦး အထိ ရောက်ရှိလာ

သီရိလင်္ကာ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင် တို့မှ မြေပြိုမှု ဖြစ်ပွား ခဲ့သည့် နေရာ အား ရှင်းလင်းနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာ သဘာဝဘေး ထိန်းချုပ်ရေး ဗဟိုဌာန က မေလ ၃၁ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လက်ရှိချိန်၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး မိုးသက်လေပြင်းမှု ကြောင့် ဖြစ်ပွား ခဲ့သည့် ရေကြီခြင်း နှင့် မြေပြိုခြင်း တို့ကြောင့် သေဆုံးခဲ့သူပေါင်း ၂၀၂ ဦးရှိလာ ခဲ့ပြီး ၉၆ ဦး ပျောက်ဆုံးနေကာ ၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကြေညာ ခဲ့သည်။

သီရိလင်္ကာ သဘာဝဘေး ထိန်းချုပ်ရေး ဌာန တာဝန်ရှိသူ တစ်ဦးက သီရိလင်္ကာ နိုင်ငံ အနေဖြင့် ယခု အကြိမ်ဖြစ်ပွား ခဲ့သည့် သဘာဝဘေး အတွက် လုံလောက်သည့် ကြိုတင်ပြင်ဆင်မှု မရှိခဲ့ကြောင်း ၊ မိုးလေဝသ ဌာန အနေဖြင့် တိကျ သည့် ရာသီဥတု ကြိုတင်ခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့ပြီး အစိုးရ မှ အန္တရာယ် ရှိသော ဒေသ တွင် သတိပေးကြေညာချက်များ ဆောင်ရွက်ခဲ့သော်လည်း ဒေသတွင်းရှိ ပြည်သူများထံသို့ သတိပေးချက် ကောင်းမွန်စွာ ရောက်ရှိခဲ့ခြင်းမရှိကြောင်း မေလ ၃၁ ရက်နေ့က ပြောကြား ခဲ့သည်။

သီရိလင်္ကာ နိုင်ငံ အနောက်ပိုင်း နှင့် တောင်ပိုင်း ရှိ ဒေသ ၁၄ ခုသည် မေလ ၂၆ ရက်နေ့ မှ စတင်၍ မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် နောက်ပိုင်း သီရိလင်္ကာ နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် အဆိုးရွား ဆုံးသော သဘာဝဘေး ဖြစ်ခဲ့သည်။လက်ရှိချိန်တွင် မိုးသက်လေပြင်း ဖြစ်ပွားစေသည့် Mora မုန်တိုင်းသည် သီရိလင်္ကာ နိုင်ငံ မှ ထွက်ခွာသွားပြီးဖြစ်သောကြောင့် ပြီးခဲ့သည့် ၄၈ နာရီ အတွင်း မိုးရေချိန် သိသာစွာ ကျဆင်းသွားပြီး ဖြစ်သည်။သီရိလင်္ကာ နိုင်ငံ အတွင်းရှိ အဓိက မြစ်ချောင်းများ၏ ရေပြင်အမြင့် မှာလည်း စတင် ကျဆင်းလာပြီး ရေကြီးမှု ဖြစ်ပွားသည့် ဒေသ များတွင် ရေမျက်နှာပြင် အမြင့်များ တဖြည်းဖြည်း ကျဆင်းလာပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ မှာလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အဖြစ် ပြောင်းလဲဆောင်ရွက် နေကြောင်း သိရှိရသည်။

သီရိလင်္ကာ နိုင်ငံ တွင် သဘာဝ ဘေးဖြစ်ပွား ပြီးနောက်တွင် တရုတ် နိုင်ငံ အစိုးရ မှ ချက်ချင်း အခင်းဖြစ်ပွားရာ နေရာများသို့ ယာယီတဲများ နှင့် စောင်များ စသည့် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု ကူညီထောက်ပံ့ရေး ပစ္စည်များကို ပေးပို့ခဲ့သည်။ တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု သည် မေလ ၃၁ ရက်နေ့တွင် သီရိလင်္ကာ နိုင်ငံ သို့ရောက်ရှိခဲ့ပြီး သီရိလင်္ကာ နိုင်ငံ သို့ အစားအသောက်များ ၊ ဆေးဝါးများ နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွင် အသုံးပြုနိုင်သည့် လှေများကို လှူဒါန်း ခဲ့သည်။ရေယာဉ်စု မှ ဆေးတပ်ဖွဲ့ဝင် တို့မှလည်း သဘာဝဘေး ဖြစ်ပွားရာ နေရာများသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အဆင်သင့် ပြင်ဆင်ထားခဲ့ပြီး သီရိလင်္ကာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှလည်း သီရိလင်္ကာ နိုင်ငံ ကြက်ခြေနီ အသင်းသို့ တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း မှ လှူဒါန်းခဲ့သည့် သဘာဝဘေး အတွက် လှူဒါန်းငွေ ကို ပေးပို့ ခဲ့ကြောင်း သိရှိရသည်။

သီရိလင်္ကာ နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ တို့မှလည်း သဘာဝဘေးဖြစ်ပွားရာ နေရာ များသို့ ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ခဲ့ကြပြီး ဒေသတွင်းရှိ ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်း အတွက် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေး ခဲ့ကြောင်း သိရှိရသည်။

သီရိလင်္ကာ နိုင်ငံ သည် တောင်အာရှ အပူပိုင်း ဒေသတွင် ရှိသောကြောင့် နှစ်စဉ် မေလ နှင့် ဇွန်လပိုင်း တွင် အနောက်တောင် မုတ်တုန်လေကြောင့် မိုးသက်လေပြင်း ကျရောက်လေ့ရှိပြီး ရေကြီးမှု နှင့် မြေပြိုမှု စသည့် သဘာဝဘေးများ ဖြစ်ပွား လေ့ရှိသည်။၂၀၁၆ ခုနှစ်တွင် သီရိလင်္ကာ နိုင်ငံ အနောက်ပိုင်း နှင့် အလယ်ပိုင်းတွင် ဖြစ်ပွား ခဲ့သည့် ရေကြီးမှု နှင့် မြေပြိုမှု ကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံး ခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.