Connect with us

Asia

ရုရှား နိုင်ငံ သမ္မတ ပူတင် က ခေတ်သစ်ပိုးလမ်းမကြီး မူဘောင် အောင်တွင် တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်၍ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား

ရုရှား နိုင်ငံ သမ္မတ ပူတင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

စိန့်ပီတာစဘတ် ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် က တရုတ် နိုင်ငံ သည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော စီးပွားရေး အသိုက်အဝန်း တစ်ခု အပါအဝင် ဖြစ်ပြီး ကြီးမားသည့် အလားအလာများရှိကာ ရုရှား နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး မူဘောင် အောင်တွင် တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်၍ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် ဆက်လက်၍ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း နှင့် BRICS အဖွဲ့ဝင်နိုင်ငံများ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု တို့အား တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့ က စိန့်ပီတာစဘတ် တွင် ပြောကြား ခဲ့သည်။

ပူတင် သည် ဇွန်လ ၁ ရက်နေ့က ၂၁ ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖိုရမ် ကို တက်ရောက်ရန် ရောက်ရှိလာသော နိုင်ငံတကာ မှ အဓိက သတင်းဌာန ၁၀ ခု ၏ တာဝန်ရှိသူ များ နှင့် တွေ့ဆုံခဲ့ပြီး ဆင်ဟွာ သတင်းဌာန ဒုတိယ ဥက္ကဋ္ဌ ကျန်းဆုထန်(Zhang Sutang) ၏ မေးမြန်းမှု ကို ဖြေကြားရာတွင် အထက်ဖော်ပြပါ အတိုင်း ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

ပူတင် က မိမိ အနေဖြင့် ပေကျင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး နှီးနှောဖလှယ်ပွဲ တွင် ပိုးလမ်းမကြီး စီပွားရေး ရပ်ဝန်း တည်ဆောက်မှု နှင့် ဥရောပ-အာရှ စီးပွားရေး မဟာမိတ် မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ သဘောထား အမြင်များကို ပြောကြား ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ အပါအဝင် ဥရောပ-အာရှ စီးပွားရေး မဟာမိတ် ၏ အခြား အဖွဲ့ဝင် နိုင်ငံများမှခေါင်းဆောင်များမှလည်း တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့် သွားလိုကြောင်း ပြောကြား ခဲ့သည်။

ပိုးလမ်းမကြီး စီးပွားရေး ရပ်ဝန်း တည်ဆောက်မှု နှင့် ဥရောပ-အာရှ စီးပွားရေး မဟာမိတ် ချိတ်ဆက်မှု မူဘောင်အောက်ရှိ အခြေခံအဆောက်အဦ တည်ဆောက်မှု တို့အား ပူးပေါင်းဆောင်ရွက်ခြင်း သည် အလွန် တန်ဖိုးရှိသည့် ကိစ္စရပ် တစ်ခု ဖြစ်ပြီး သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များသည် အနာဂတ် အလားအလာ လွန်စွာ ကောင်းမွန်ပြီး အကောင်အထည် ဖော်နိုင်မည် မှာလည်း သေချာကြောင်း ၊ လတ်တလော ကာလ တွင် ရုရှား-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှု သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု များရရှိခဲ့ပြီး နှစ်နိုင်ငံ ဒေသတွင်း ဘက်စုံချိတ်ဆက်မှုသည်လည်း ဖြစ်ပေါ်လာကာ အပြန်အလှန်သွားလာမှု လွန်စွာ များပြား ခဲ့ကြောင်း ၊ နှစ်နိုင်ငံ မှ ဘက်စုံဖလှယ်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် မျိုးစုံသော စီးပွားရေး ဖိုရမ်များ ပြုလုပ်ပြီး ဘက်စုံပူးပေါင်းဆောင်ရွက်မှု ကို ဆောင်ရွက်ခဲ့ကြကြောင်း ပူတင်က ပြောကြား ခဲ့သည်။

ထို့နောက် ပူတင် က ရုရှား-တရုတ် ဘက်စုံမဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး တက်ကြွစွာ ဖွံ့ဖြိုးတိုးတက် လာပြီး တစ်မူထူးခြားသည် သဘောသဘာဝ ရှိကြောင်း ၊ ဤဆက်ဆံရေး သည် နှစ်နိုင်ငံ မှ နိုင်ငံတကာ စင်မြင့်ပေါ်တွင် ညှိနှိုင်းဆောင်ရွက်မှုလည်း ပါဝင် ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့သည် ရှုပ်ထွေးသော ကိစ္စရပ်များတွင် တူညီသော သဘောထား အမြင်များ ကိုရှာဖွေ ခဲ့ကြပြီး မကြာခဏ တူညီသော သဘောထား ရပ်တည်မှု တွင် ရပ်တည်ခဲ့ကြကြောင်း ၊ ရုရှား နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့သည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပူတင် က BRICS အဖွဲ့အစည်း သည် အလွန်အရေးပါသည့် ညှိနှိုင်းဆောင်ရွက်မှု စင်မြင့် တစ်ခုဖြစ်ပြီး တူညီသော စီးပွားရေး ကိစ္စရပ်များ ကြုံတွေ့နေရသည့် နိုင်ငံများကို ပူးပေါင်းထားကြောင်း ၊ BRICS ၏ မူဘောင်အောက်တွင် အတူတကွ ပြဿနာ ကို ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေနိုင်ခဲ့ပြီး အပြန်အလှန် ကူညီထောက်ခံခဲ့ကြကြောင်း ၊ BRICS အဖွဲ့အစည်း မှ တစ်ဆင့် ဆက်စပ် အဖွဲ့အစည်း နှင့် ဆောင်ရွက်မှုများ ပြုလုပ်ခြင်းသည် စီးပွားရေး တည်ငြိမ်မှု ၊ ငွေကြေး အခြေအနေ နှင့် အဖွဲ့ဝင် နိုင်ငံ များ၏ အခက်အခဲ စသည့် တို့ကို ဖြေရှင်းရန် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.