Connect with us

Asia

မြောက်ကိုရီးယား အာဏာရပါတီ အကြီးတန်း အရာရှိ မတော်တဆ ယာဉ်တိုက်မှုကြောင့် သေဆုံး

မြောက်ကိုရီးယား အာဏာရ ပါတီ အကြီးတန်း အရာရှိ ကင်ယောင်ဂွန် အားတွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ (DPRK) အာဏာရ ပါတီ၏ အကြီးတန်း အရာရှိ တစ်ဦးဖြစ်သော ကင်ယောင်ဂွန်သည် ဒီဇင်ဘာလ ၂၉ ရက်တွင် ဖြစ်ပွားခဲ့သော မတော်တဆ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာန KCNA က ဒီဇင်ဘာလ ၃၀ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

အသက် ၇၃ နှစ်ရှိပြီ ဖြစ်သော ကင် သည် ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှု နှင့် တောင်ကိုရီးယား နိုင်ငံ (ROK) နှင့် ပတ်သက်သည့် မြောက်ကိုရီးယားနိုင်ငံ (DPRK) ၏ မူဝါဒကို အဓိက ကိုင်တွယ် သော United Front Department ၏ ဒါရိုက်တာနှင့် မြောက်ကိုရီးယား အာဏာရပါတီ (WPK) ၏ ဗဟိုကော်မတီ ၌ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ယခုလို ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ကင်သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် WPK ၏ နိုင်ငံရေး ဆိုင်ရာ ဗျူရို၌ အဖွဲ့ဝင် ဖြစ်လာခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် မှ သဘာပတိ အဖြစ် ဆောင်ရွက်ကာ နိုင်ငံတော် ဈာပန ကော်မတီ အား ဖွဲ့စည်းခဲ့ပြီး ကင်၏ ဈာပနကို ဒီဇင်ဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ကင်သည် အခြားအကြီးတန်း အရာရှိ နှစ်ဦး နှင့် အတူ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးတက်လာစေရန် တောင်ကိုရီးယားနိုင်ငံ (ROK) တွင် ကျင်းပသည့် Incheon Asia Games အားကစား ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် စေလွှတ်ခြင်း ခံရကြောင်းနှင့် ထိုသို့စေလွှတ်ခဲ့မှုသည် ကင်ဂျုံအန်း အာဏာလွှဲပြောင်းယူခဲ့သည့် ၂၀၁၁ ခုနှစ်မှ စ၍ ကိုယ်စားလှယ် စေလွှတ်မှုများတွင် ရာထူး အမြင့်ဆုံး ကိုယ်စားလှယ်အဖွဲ့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.