Connect with us

Asia

Kamov ရဟတ်ယာဉ်များ ရုရှားက အိန္ဒိယတွင် ထုတ်လုပ်မည်

ရုရှား နိုင်ငံထုတ် Kamov 226T ရဟတ်ယာဉ် အသေးစား အားတွေ့ရစဉ် (ဓာတ်ပုံ-wikipedia)

နယူးဒေလီ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

Kamov ရဟတ်ယာဉ်ကို အိန္ဒိယ နိုင်ငံတွင် ထုတ်လုပ်ရန် ရုရှားနိုင်ငံပိုင် Rostech ကော်ပိုရေးရှင်းနှင့် Hindustan Aeronautics Limited (HAL) တို့ သဘောတူညီချက် တစ်ခုအား လက်မှတ် ရေးထိုးခဲ့ကြောင်း All India Radio (AIR) က ဒီဇင်ဘာလ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် အနည်းဆုံး တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရှိပြီး Kamov 226T ရဟတ်ယာဉ် အသေးစား စင်းရေ ၂၀၀ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး အိန္ဒိယနိုင်ငံ၏ သက်တမ်းကြာ နေပြီဖြစ်သော Cheetah နှင့် Chetak ရဟတ်ယာဉ်များ နေရာတွင် အစားထိုးမည် ဖြစ်သည်။

Rostech Sergei Chemezov ၏ စီအီးအိုက ရဟတ်ယာဉ် ထုတ်လုပ်ခြင်းအား ရုရှား-အိန္ဒိယ ဖက်စပ် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း အသံလွှင့်ဋ္ဌာနတွင် ဖော်ပြထားသည်။

ယင်းသည် အိန္ဒိယ အစိုးရ၏ “Make in India” မူဘောင်အတွင်း ပထမဆုံး ရုရှား-အိန္ဒိယ နည်းပညာမြင့် စီမံကိန်းအား အကောင်အထည် ဖော်ခြင်းဖြစ်သည်။

ရဟတ်ယာဉ် ထုတ်လုပ်ခြင်း ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီမှုသည် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ မော်စကိုသို့ သွားရောက် လည်ပတ်ခဲ့စဉ် အတွင်း သဘောတူခဲ့ခြင်း ဖြစ်သည်။

“သဘောတူညီချက်အရ Rostech ဟာ အိန္ဒိယမှာ Kamov 226T ထုတ်လုပ်ခြင်းနှင့် ပြုပြင် မွမ်းမံခြင်းတွေ လုပ်မှာ ဖြစ်ပြီး ဒီသဘောတူညီချက်ဟာ ပြုပြင် ထိန်းသိမ်းခြင်း၊ လုပ်ငန်း လည်ပတ်ခြင်းနှင့် အပိုပစ္စည်းများ အတွက်လဲ ထောက်ပံ့ပေးမှာ ဖြစ်တယ်” ဟု အသံလွှင့်ဋ္ဌာနက တင်ပြခဲ့သည်။
HAL သည် အိန္ဒိယနိုင်ငံပိုင် လေယာဉ်နှင့် ကာကွယ်ရေး နည်းပညာ ကုမ္ပဏီ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.