Connect with us

Asia

အင်ဒိုနီးရှား လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူ ၆၃ ဦးရှိပြီး ပျောက်ဆုံးသူ ၁၅ ဦးအား ဆက်လက် ရှာဖွေ

အင်ဒိုနီးရှား လှေတိမ်းမှောက်မှု တွင် ပြန်လည် ဆယ်ယူ ရရှိခဲ့သော ရုပ်အလောင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးနောက် ၅ ရက်နေ့မြောက် အထိ ရုပ်အလောင်း ၆၃ လောင်း အား ပြန်လည် ဆယ်ယူ ရရှိခဲ့ပြီး ကျန်ပျောက်ဆုံးသူ ၁၅ ဦးအား ဆက်လက် ရှာဖွေ နေသော်လည်း အသက်ရှင်လျက် ကယ်ဆယ်နိုင်ရန် အခွင့်အရေး နည်းပါးကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာလ ၂၄ ရက်နေ့ က ပြောကြား ခဲ့သည်။

ရှာဖွေရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများအား အင်တိုက် အားတိုက်နှင့် ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း Sulawesi တောင်ပိုင်း Wajo ဒေသရှိ အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံ ခန့်ခွဲရေး အေဂျင်စီ အကြီးအကဲ Alamsyah က ပြောကြားလိုက်သည်။

Alamsyah က ဒီဇင်ဘာလ ၂၄ ရက်တွင် ရှာဖွေရေး လုပ်ငန်းများကို အတတ်နိုင်ဆုံး အရှိန်မြှင့်တင် လုပ်ဆောင် ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၄ ရက်အထိ လူပေါင်း ၁၀၃ ယောက်ကို ရှာဖွေ နိုင်ခဲ့ပြီး ၎င်းတို့ထဲတွင် အသက် ရှင်သူ ၄၀ ဦး နှင့် သေဆုံးသူ ၆၃ ဦး ပါဝင်ကြောင်း၊ ကျန် ပျောက်ဆုံးသူ ၁၅ ဦးကိုလည်း ဆက်လက် ရှာဖွေ နေကြောင်း Wajo ဒေသရှိ ဆင်ဟွာ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ သင်္ဘောများ နှင့် လှေများ အသုံးပြုပြီး ရေပြင် နှင့် ဝေဟင်ထက်မှ ရှာဖွေရေး လုပ်ငန်းအား ဆောင်ရွက်နေကြောင်း သိရသည်။

တိမ်းမှောက်သွားခဲ့သော KM Marina Baru 02B လှေသည် Sulawesi အရှေ့တောင်ဘက် ကိုလာကာမြို့မှ Sulawesi တောင်ဘက် Siwa ပင်လယ် ဆိပ်ကမ်းမြို့သို့ ဦးတည် ထွက်ခွာလာခြင်း ဖြစ်ကြောင်း၊ လှေပေါ်တွင် ခရီးသည် ၁၀၈ ဦးနှင့် လှေဝန်ထမ်း ၁၀ ဦး ပါဝင်လာကာ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မုန်တိုင်း မိခဲ့သောကြောင့် Bone ပင်လယ်ကွေ့ အနီးတွင် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117