Connect with us

Asia

လာအိုနိုင်ငံတွင် ဆည်ကျိုးကျမှုကြောင့် သေဆုံးသူ ၈ ဦးရှိပြီး ၁၂၃ ဦး ပျောက်ဆုံးနေ ကြောင်း အတည်ပြု

Khamlieng Outhakaisone က ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

SANAMXAY ၊ ဇူလိုင်၂၉ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံတွင် ဆည်ကျိုးကျမှုကြောင့် ဇူလိုင်လ ၂၈ ရက် ညပိုင်းအထိ သေဆုံးသူ ၈ ဦးရှိပြီး ၁၂၃ ဦး ပျောက်ဆုံးနေကြောင်း လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး Khamlieng Outhakaisone က ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

လာအိုနိုင်ငံ တောင်ပိုင်းရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်ဆည်ဖြစ်သော Xepian-Xe Nam Noy သည် ဇူလိုင်လ ၂၃ ရက် ညပိုင်းတွင် ကျိုးကျမှုကြောင့် Attapeu ပြည်နယ် Sanamxay ခရိုင် ရှိရွာ များကို ရေဖုံးလွှမ်းခဲ့ရာ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားခဲ့ကြောင်း၊ လာအို ကာကွယ်ရေးဝန်ကြီးဌာန က အရေးပေါ် ဖွဲ့စည်းသည့် ကူညီကယ်ဆယ်ရေးကော်မတီသည် ဇူလိုင်လ ၂၄ ရက်တွင် Attapeu ပြည်နယ် သို့ သွားရောက်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရာ လက်ရှိ ရေဘေးသင့် နေရာမှ ဒုက္ခသည် ၇၃၂၄ ဦးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.