Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၏ ခြောက်ကြိမ်မြောက် ရွေးကောက်ပွဲ ကျင်းပ

ဇူလိုင်လ ၂၉ ရက်က ဆန္ဒမဲလာရောက်ပေးသော ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen အား တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဒဲလ်၊ ကမ္ဘောဒီးယား၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် ခြောက်ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ဇူလိုင်လ ၂၉ ရက်က စတင်ကျင်းပရာ နိုင်ငံရေးပါတီ ၂၀ ခု ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မတီ (NEC) ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“မဲပေးတာက ဒေသစံတော်ချိန် နံနက် ရး၀၀ နာရီ (မဲရုံ ၂၂,၉၆၇ ရုံ) မှာ စတင်ပြီး မွန်းလွဲ ၃း၀၀ နာရီမှာ ပိတ်ဖို့ စီစဉ်ထားပါတယ်” ဟု NEC အဖွဲ့ဝင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် Dim Sovannarom က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၈.၃၈ သန်းက မဲပေးနိုင်ရန် မျှော်လင့်ထားကြောင်း၊ ရွေးကောက်ပွဲ၌ လွှတ်တော်အမတ်နေရာ ၁၂၅ နေရာအတွက် ယှဉ်ကြမည် ဖြစ်သည်။

မဲပေးပိုင်ခွင့်ရှိသူ “၆၀ ရာခိုင်နှုန်းကျော်” လာရောက်မဲပေးကြမည်ဟု မျှော်လင့်ထားကြောင်း Sovannarom က ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၆၉.၆ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြကြောင်း သိရသည်။

ရွေးကောက်ပွဲ၌ လက်ရှိ အာဏာရ ဝန်ကြီးချုပ် Samdech Techo Hun Sen ၏ Cambodian People’s Party ၊ မင်းသား Norodom Ranariddh ၏ Funcinpec Party ၊ အတိုက်အခံ လွှတ်တော်အမတ်ဟောင်း Khem Veasna ၏ Democracy Party ၊ စိုက်ပျိုးရေးပညာရှင် Yang Saing Koma ၏ Grassroots Democracy Party နှင့် အတိုက်အခံအဖွဲ့ဝင်ဟောင်း Khmer Will Party ၏ Kong Monika တို့ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ရလဒ်များအား ဇူလိုင်လ ၂၉ ရက် ညနေပိုင်း၌ ကြေညာနိုင်မည်ဟု မျှော်လင့်ထားသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ငါးနှစ်လျှင် တစ်ကြိမ်ကျင်းပလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.