Connect with us

Asia

အိန္ဒိယတွင် ဘတ်စ်ကား ချောက်ထဲ ပြုတ်ကျ၍ လူ ၃၃ဦးသေဆုံး

အိန္ဒိယတွင် ချောက်ထဲပြုတ်ကျခဲ့သည့် ဘတ်စ်ကားပေါ်လိုက်ပါလာသူများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း Maharashtra ပြည်နယ် တွင် ဇူလိုင် ၂၈ ရက်က ဘတ်စ်ကားတစ်စီး ချောက်နက်တစ်ခုထဲပြုတ်ကျခဲ့ရာ လူ ၃၃ဦးသေဆုံးခဲ့ကြောင်း ဒေသခံ အကြီးတန်းအုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦး က အတည်ပြုပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် ပြည်နယ် ၏ Raigad ခရိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Raigad ခရိုင်တာဝန်ရှိသူတစ်ဦးဖြစ်သူ Vijay Namdeo Suryawanshi က စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုမှ ဝန်ထမ်းများလိုက်ပါလာသည့် ဘတ်စ်ကားတစ်စီးသည် ဇူလိုင် ၂၈ရက် နေ့လည်ပိုင်းတွင် လမ်းချော်၍ ချောက်ထဲသို့ ပြုတ်ကျခဲ့ကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

အဆိုပါဘတ်စ်ကားသည် Dapoli ဒေသမှ နိုင်ငံ၏ သစ်တောထူထပ်ရာ အနောက်ပိုင်းGhats ဧရိယာအတွင်းရှိ တောင်ပေါ်စခန်းတစ်ခုသို့ မောင်းနှင်လာခြင်းဖြစ်ပြီး Ambenali Ghat လမ်းဘေး ချောက်အတွင်းသို့ ပြုတ်ကျခဲ့ကြောင်း Suryawanshi ကပြောကြားခဲ့သည်။

၎င်း က ဘတ်စ်ကားပေါ်တွင် ခရီးသည် ၃၄ဦးလိုက်ပါလာကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ရုပ်အလောင်းများကို ပြန်လည်ရှာဖွေခဲ့ကြောင်း နှင့် အဆိုပါဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.