Connect with us

Asia

လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ မူးယစ်ဆေးဝါးကုန်ကူးလာသော အမျိုးသမီး အဖမ်းခံရ

စိတ်ကြွမူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ မူးယစ်ဆေးဝါး ကုန်ကူးလာသော အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ် Dong Ha မြို့မှ Nguyen Thi Thanh Tung သည် ဇွန်လ ၁၈ ရက်က မူးယစ်ဆေးဝါး ၄,၀၀၀ ပြားကို ၎င်း၏ မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရသလို ဘိန်းဖြူ တစ်တုံးကို ၎င်း၏ အိမ်အတွင်း၌ ဖွက်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဇွန်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

Tung က အဆိုပါ မူးယစ်ဆေးဝါးများကို လာအို-ဗီယက်နမ် နယ်စပ်ရှိ လာအိုလူမျိုးများထံမှ ဝယ်ယူခဲ့ကာ မြို့ပေါ်၌ ပြန်လည်ရောင်းချရန်အတွက် သယ်ယူလာခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ ဥပဒေအရ ဘိန်းဖြူ ၆၀၀ ဂရမ်အထက် သို့မဟုတ် စိတ်ကြွဆေး ၂.၅ ကီလိုဂရမ် အထက် တရားမဝင် ခိုးသွင်းမှု ကျူးလွန်ပါက သေဒဏ်ပြစ်ဒဏ် ကျခံရမည် ဖြစ်သည်။ ဘိန်းဖြူ ၁၀၀ ဂရမ် သို့မဟုတ် အခြား တရားမဝင် မူးယစ်ဆေးဝါး ၃၀၀ ဂရမ် ပြုလုပ်ခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကားခြင်း ပြုလုပ်ပါက သေဒဏ်အပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.