Connect with us

Asia

သေဒဏ်ပြန်လည်အသက်သွင်း၍ မူးယစ်တိုက်ဖျက်ရန် ဖိလစ်ပိုင်သမ္မတ တိုက်တွန်း

၂၀၁၉ခုနှစ် ဇူလိုင် ၂၂ ရက်က ဖိလစ်ပိုင် သမ္မတ ဒူတာတေး နိုင်ငံတော်အခြေပြမိန်းခွန်းပြောကြားစဉ် (ဆင်ဟွာ)

မနီလာ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

မူးယစ်မှုစသည့် ဆိုးဝါးသော ပြစ်ဒဏ်ကျူးလွန်မှုများကို တိုက်ဖျက်ရန် လွှတ်တော်က သေဒဏ်ကိုပြန်လည်အသက်သွင်းရန် အမြန်ဆုံး အတည်ပြုပေးစေလိုကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက ဇူလိုင် ၂၂ ရက် နှစ်စဉ် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

မူးယစ်ဆေးဝါးပြန့်နှံ့ခြင်းသည် လက်ရှိ ဖိလစ်ပိုင် လူ့အဖွဲ့အစည်း၏အန္တရာယ်ဆိုးကြီးဖြစ်ကြောင်း ၊ အစိုးရအနေဖြင့် အင်တိုက်အားတိုက် မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း မူးယစ်နှင့်ဆက်နွယ်သည့်ပြစ်မှုများကို တားဆီးထိန်းချုပ်ရန် လမ်းခရီးရှည်ကြီး လျှောက်လှမ်းရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မူးယစ်စသည့် ပြင်းထန်သည့်ပြစ်မှုများကိုများကို တိုက်ဖျက်ရန် သေဒဏ် ပြန်လည်အသက်သွင်းဖို့ လွှတ်တော်ကို အလေးအနက်တောင်းဆိုရခြင်းဖြစ်ကြောင်း ဒူတာတေးက ဆိုသည်။

သမ္မတ ဒူတာတေးက ဖိလစ်ပိုင်တွင် မူးယစ်ပြန့်နှံ့မှုများနှင့်အကျင့်ပျက်ချစားမှုများကြောင့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအား ထိခိုက်နေသည်ကို ၎င်းတာဝန်ထမ်းဆောင်သည့်ပြီးခဲ့သော ၃နှစ်တာကာလတွင် သတိထားမိကြောင်း ၊ ထို့ကြောင့် လာမည့် ၃ နှစ်တာကြာ ကာလတွင် အစိုးရ အနေဖြင့် အကျင့်ဖျက်ချစားမှုတိုက်ဖျက်ရေးလုပ်ငန်းများက အစွမ်းကုန်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင် လွှတ်တော်သည် ၂၀၀၆ ခုနှစ်တွင် သေဒဏ်ဖျက်သိမ်းရန် အတည်ပြုခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် ဒူတာတေး သမ္မတတာဝန်ကို ထမ်းဆောင်ပြီးနောက် သေဒဏ်ကို ပြန်လည်အသက်သွင်း ရန် တိုက်တွန်းခဲ့သည်။ ၂၀၁၇ ခုနှစ် မတ်လတွင် ဖိလစ်ပိုင် အောက်လွှတ်တော်က သေဒဏ်ပြန်လည် ထည့်သွင်းရန် ဥပဒေကြမ်းအဆိုပြုချက်ကို အတည်ပြုပေးခဲ့ပြီး အထက်လွှတ်တော်ကို ထပ်မံ တင်သွင်းခဲ့သော်လည်း အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်မှု မပြုလုပ်သေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.