Connect with us

Asia

အင်ဒိုနီးရှား အနောက်ဘက် မြေပြိုမှုကြောင့် ၁၁ ဦး မြေအောက်နစ်မြှုပ်ခဲ့

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ် အလယ်ပိုင်းတွင် ၂၀၁၄ ခုနှစ်က မြေပြိုမှု ဖြစ်ပွားခဲ့စဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အရှေ့ဂျာဗားပြည်နယ်တွင် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး မြေအောက် နစ်မြုပ်သွားခဲ့ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သဘာဝဘေး အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ယနေ့ (ဧပြီလ ၁ ရက်) တွင် ပြောကြားလိုက်သည်။

ပွန်နော်ရိုဂိုခရိုင် ဘနာရန်ကျေးရွာရှိ တောင်ကုန်းပေါ်တွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အိမ်ခြေ ၂၅ လုံးမှ ၃၀ လုံးအထိ ပျက်စီးခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု အေဂျင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် စူတိုပို ပါဝူနူဂရိုဟိုက ဆင်ဟွာသို့ တယ်လီဖုန်းက တစ်ဆင့် ပြောကြားခဲ့သည်။ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ သဘာဝဘေး စီမံခန့်ခွဲမှုရုံးမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ပါဝင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားရာနေရာသို့ သွားရာလမ်းကြောင်းမှာ ခက်ခဲသည့်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း၊ စက်ယန္တရားကြီးများ လိုအပ်ချက်ရှိကြောင်း စူတိုပိုက ပြောသည်။ (Xinhua)