Connect with us

Asia

ပါကစ္စတန် အရှေ့ပိုင်းရှိ ဗလီတစ်ခုတွင် လူပေါင်း ၂ဝ အသတ်ခံရ

ပါကစ္စတန်နိုင်ငံ အရှေ့ ပိုင်းရှိ လူသတ်မှုဖြစ်ပွားခဲ့သော ဗလီရှေ့ မြင်ကွင်းအားတွေ့ ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလမ်မာဘတ် ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း (Punjab) ပန်ဂျပ်ပြည်နယ် ရှိ ဗလီတစ်ခုတွင် ယနေ့( ဧပြီလ ၂ ရက် ) နံနက်အစောပိုင်းက အမျိုးသမီး ၄ ဦးအပါအဝင် လူပေါင်း ၂ဝ ဦးအသတ်ခံရကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

အစ္စလမ်မာဘတ်မြို့မှ တောင်ပိုင်း ၂ဝဝ ကီလိုမီတာအကွာရှိ Sargodha ခရိုင်၌ ဧပြီလ ၂ ရက်နံနက်အစောပိုင်းတွင် ဗလီအတွင်း ဝတ်ပြုဆုတောင်းရန် ရောက်ရှိလာသူများမှာ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပါကစ္စတန်အကြီးတန်းအရာရှိတစ်ဦးက သတင်းသမားများအား ပြောကြားခဲ့သည်။Sargodha ခရိုင် ဒုတိယရဲမှူး Liaquat Ali Chatta ကပြောကြားရာတွင် လူသတ်မှုကျူးလွန်သူ Abdul Waheedသည် စိတ်ဝေဒနာခံစားနေရသူတစ်ဦးဖြစ်ကြောင်း ၊ စိတ်ဖောက်ပြန်ပြီး လူသတ်မှုကျူးလွန်ခြင်းဖြစ်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့သည်။

Sargodha ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် အလုပ်လုပ်ကိုင်နေသည့် Waheed သည် လက်အောက်ငယ်သားများအား မူးယစ်ဆေးဝါးတိုက်ကျွေး၍ ရိုက်နှက်ခြင်း ၊ ဓားဖြင့်ထိုးခြင်းများ လည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ ကနဦးစစ်ဆေးချက်များအရ Waheed နှင့် ကြံရာပါများသည် ဝတ်ပြုနေသူများအား အကျီ ၤအဝတ်အစားချွတ်၍ မူးယစ်ဆေးဝါးတိုက်ကျွေးပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်ရဲတပ်ဖွဲ့က Waheed အပါဝင် လူသတ်မှုတွင်ပါဝင်နေသည့် ၎င်း၏ အနီးကပ် နောက်လိုက် ၅ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။“ အခင်းဖြစ်နေရာရောက်သွားတဲ့အချိန်မှာ အလောင်း ၁၉ လောင်းကို တွေ့ရပါတယ်။ သေဆုံးသူတွေဟာ ရိုက်သတ်ခံထားရတာဖြစ်ပြီး အလောင်းတွေကိုတော့ မီးရှို့ထားတယ် ” ဟု ကယ်ဆယ်ရေးအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် Mazhar Shah သတင်းသမားများအားပြောကြားခဲ့သည်။ နောက်ထပ် အလောင်းတစ်လောင်းကို နောက်ပိုင်းတွင် ရှာဖွေ တွေ့ရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်းမှာ ၂ဝ ဦးထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117