Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အသစ် များ အမေရိကိန် နိုင်ငံ ထပ်မံ ထုတ်ပြန်

မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ကျုံအန်း (Kim Jong-un)အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန သည် မတ်လ ၃၁ ရက်နေ့ က မြောက်ကိုရီးယား နိုင်ငံ မှ ကုန်သွယ်ရေး ကုမ္ပဏီ တစ်ခု နှင့် မြောက်ကိုရီးယား နိုင်ငံသား ၁၁ ဦးကို စီပွားရေး အရ ပိတ်ဆို့အရေးယူ ခဲ့ကြောင်း ကြေညာခဲ့ပြီး အကြောင်းရင်းအနေဖြင့် မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား စမ်းသပ်မှု နှင့် ဒုံးကျည် စမ်းသပ်မှု များအပေါ် ထောက်ခံအားပေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် မှတစ်ဆင့် ယခု ပိတ်ဆို့အရေးယူ ခံခဲ့ရသည့် ကုမ္ပဏီ နှင့် မြောက်ကိုရီးယား နိုင်ငံ သား ၁၁ ဦးတို့မှာ မြောက်ကိုရီးယား နိုင်ငံရှိ ဘဏ်လုပ်ငန်းများ ၊ ကုန်သွယ်ရေး နှင့် ရေကြောင်းပို့ဆောင်ရေး လုပ်ငန်း ကုမ္ပဏီ များ၏ ပြည်ပရုံးခွဲများတွင် လုပ်ငန်းဆောင်ရွက်သူများ ဖြစ်ကြောင်း သိရှိရသည်။အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က ယခု အရေးယူခဲ့သူများသည် ပြည်ပနိုင်ငံ များတွင် မြောက်ကိုရီးယား အစိုးရ ၏ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ပေးခဲ့ကြသူများ ဖြစ်ကြပြီး ကုလသမဂ္ဂ နှင့် အမေရိကန် နိုင်ငံ တို့မှ တားမြစ်ထားသည့် အကြီးစား ဖျက်ဆီးရေး လက်နက် စီမံကိန်း များအတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူပေးခြင်း ၊ ဝန်ဆောင်မှုပေးခြင်း နှင့် ငွေကြေးထောက်ပံ့ပေးခြင်း များကို ဆောင်ရွက်ပေး ခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)