Connect with us

Asia

အာမေးနီးယားတွင် စစ်လေယာဉ်ပျက်ကျ၍ လေယာဉ်မှူး ၂ဦးသေဆုံး

အာမေးနီးယား စစ်လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသည့် လေယာဉ်မှူး ၂ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရာရီဗန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အာမေးနီးယားနိုင်ငံ စစ်တပ်မှ SU-25 စစ်လေယာဉ်တစ်စီးသည် ဒီဇင်ဘာ ၄ရက် နံနက်ပိုင်းတွင် Transcaucasian ပြည်နယ် အနောက်မြောက်ပိုင်းရှိ တောင်တန်းများပေါ်တွင် ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ဦးသေဆုံးခဲ့ကြောင်း အာမေးနီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အဆိုပါ ဂျက်လေယာဉ်သည် Maralik မြို့အနီးတွင်ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူး ၂ဦးစလုံးသေဆုံးခဲ့ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Artsrun Hovhannisyan ကပြောကြားခဲ့သည်။

ဝန်ကြီးဌာနက လေယာဉ်သည် Gyumri လေဆိပ်မှ လေ့ကျင့်ပျံသန်းရန် ထွက်ခွာလာပြီး ၁၅မိနစ်အကြာတွင် ရေဒါမှပျောက်ကွယ်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စစ်တပ်ထောက်လှမ်းရေးများက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.