Connect with us

Asia

အိန္ဒိယကျေးရွာ တစ်ခုတွင် လက်မထပ်ရသေးသည့် မိန်းမပျိုလေးများကို မိုဘိုင်းဖုန်း သုံးစွဲခွင့် တားမြစ်

မိုဘိုင်းဖုန်း အသုံးပြုနေသော အိန္ဒိယနိုင်ငံသား အမျိုးသမီးများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ကျေးရွာတစ်ခု၌ လက်မထပ်ရသေးသည့် မိန်းမပျိုလေးများအား မိုဘိုင်းဖုန်း သုံးစွဲခွင့် တားမြစ်ထားကြောင်း ဟိန္ဒူစတန် တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

ယင်းအမိန့်အား စူရတ်ကျေးရွာ၏ အုပ်ချုပ်သူများက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး လက်မထပ်ရ သေးသည့် မိန်းမပျိုလေးများ မိုဘိုင်းဖုန်း ကိုင်ဆောင်ခြင်း သို့မဟုတ် သုံးစွဲခြင်း တွေ့ရှိပါက အိန္ဒိယငွေ ရူပီး ၂၁၀၀ (အမေရိကန်ဒေါ်လာ ၃၁) ဒဏ်ကြေး ပေးဆောင်ရမည် ဖြစ်ပြီး သတင်းပေးနိုင်သူကိုလည်း ရူပီး ၂၀၀ (၃ ဒေါ်လာ) ဆုကြေးအဖြစ် ရရှိမည် ဖြစ်သည်။ စူရတ်ကျေးရွာသည် ဂူဂျာရစ်ပြည်နယ်၏ စီးပွားရေးမြို့တော် အာမတ်ဒါဘတ်နှင့် ၁၀၀ ကီလိုမီတာအကွာ၌ တည်ရှိသည်။

သို့ရာတွင် ဆွေမျိုးသားချင်းတစ်ဦးက မိန်းကလေးတစ်ဦးကို ဖုန်းဖြင့် ပြောကြားလိုပါက မိဘများက ၎င်းတို့၏ ဖုန်းကို အသုံးပြုပြောကြားရန် ခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါ ကျေးရွာလူကြီး ဒဗ်ရှီ ဗန်ကာက မိုဘိုင်းဖုန်းက လက်မထပ်ရသေးသော မိန်းမပျိုလေးများ မလိုအပ် ကြောင်း၊ လူလတ်တန်း စားများ အတွက် အင်တာနက်က ငွေနှင့် အချိန်ကုန်စေကြောင်း၊ အချိန်ကို စာသင်ကြား ခြင်းနှင့် အခြားအလုပ်များအတွက်သာ အကျိုး ရှိရှိ အသုံးချသင့်ကြောင်း ပြောကြားခဲ့သလို လူတန်းစား အမျိုး မျိုးပါဝင်သည့် ရွာခံများကလည်း ထိုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဖုန်းသုံးစွဲခွင့် တားမြစ်ခဲ့ခြင်းမှာ တာကာ (Thakor) လူ့အဖွဲ့အစည်းအတွင်း အထူးသဖြင့် အမျိုးသား များ အရက်စွဲခြင်းအား တိုက်ဖျက်ရန် ကြိုးပမ်းမှုအပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမျိုးသားများ အရက်သောက်ခြင်းနှင့် အမျိုးသမီးများ ဖုန်း အသုံးပြုခြင်းများမှာ လူ့အသိုင်းအဝိုင်းကို အနှောင့် အယှက် ဖြစ်စေပြီး မိသားစုပြိုကွဲခြင်းနှင့် ဆက်ဆံရေးများ ကို ပျက်ပြားစေကြောင်းနှင့် ယခုလို တားမြစ်ခြင်းမှာ ရွာသူရွာသားများ၏ အကြံဉာဏ်သာဖြစ်ကြောင်း ကျေးရွာလူထု ခေါင်းဆောင်တစ်ဦးဖြစ်သူ Raikarnji Thakor က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.