Connect with us

Asia

ဖိလစ်ပိုင် တောင်ပိုင်းတွင် ပေါက်ကွဲမှုကြောင့် ယောကျာ်းလေး တစ်ဦး သေဆုံး၊ ၃၈ ဦး ဒဏ်ရာရရှိ

လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအား ဆေးရုံသို့ သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆူလ်တန် ကူဒါရက် ပြည်နယ် အစ်စပါရမ်ဇာမြို့ရှိ ပွဲတော်တစ်ခုတွင် ဖေဖော်ဝါရီ ၂၁ရက်နေ့ ညပိုင်းက လက်ပစ်ဗုံး တစ်လုံးပေါက်ကွဲမှုကြောင့် ၆နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး အခြား ၃၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ပြောကြားခဲ့ သည်။

အလယ်ပိုင်း မင်ဒါနာအို ဒေသ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရိုမီအို ဂယ်ဂို က အခြေအနေစိုးရိမ်ရသည့် လူနာတစ်ဦးအပါအဝင် အခြားဒဏ်ရာရရှိသူ ၃၈ ဦးအား ဆေးရုံအများအပြားသို့ ခွဲ၍ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂယ်ဂိုက ပေါက်ကွဲမှု သည် အစ်စပါရမ်ဇာ ဈေးအနီးရှိ ပွဲတော်တစ်ခုတွင် ညနေ ၈း၁၅ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း နှင့် ပွဲတော်အတွင်းသို့ MK2 အမျိုးအစား လက်ပစ်ဗုံး ၂လုံးပစ်သွင်းခဲ့သော်လည်း ၎င်းတို့အနက် ၁လုံးသာ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် လက်ပစ်ဗုံးတစ်လုံးအား ဗုံးရှင်းလင်းရေး တပ်ဖွဲ့ဝင်များက အသက်မဲ့အောင် ပြုလုပ်၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အာဏာပိုင်များသည် သံသယရှိသူများ နှင့် ၎င်းတို့၏ လှုပ်ရှားမှုများအား ဖော်ထုတ်နိုင်ရန် စစ်ဆေးရေးလုပ်ငန်း များကို ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.