Connect with us

Asia

ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်း ညီလာခံ (MWC) ပွဲမတိုင်ခင် Huawei ၊ ZTE နှင့် Samsung တို့က ၎င်းတို့၏ ထုတ်ကုန်သစ်များအား ထုတ်ဖော် ပြသ

Huawei ကုမ္ပဏီက ထုတ်လုပ်သော Tablet အနေဖြင့်ရော၊ Notebook အနေဖြင့်ပါ နှစ်မျိုး သုံးနိုင်သည့် Windows 10 ထည့်သွင်းထားသော “MateBook” အား တွေ့ရစဉ် (ဆင်ဟွာ)

ဘာစီလိုနာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီများ ဖြစ်သည့် Huawei နှင့် ZTE တို့အပါအဝင် ကိုရီးယားနိုင်ငံမှ Samsung ကုမ္ပဏီတို့သည် ၎င်းတို့၏ ထုတ်ကုန် ပစ္စည်းသစ်များအား ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းညီလာခံ (MWC) ပွဲမတိုင်ခင် ဖေဖော်ဝါရီလ ၂၁ ရက်က ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။

Huawei ကုမ္ပဏီက Tablet အနေဖြင့်ရော၊ Notebook အနေဖြင့်ပါ နှစ်မျိုး သုံးနိုင်သည့် Windows 10 ထည့်သွင်းထားသော “MateBook” အား မိတ်ဆက် ပြသခဲ့ကြောင်း သိရသည်။ ယင်း MateBook သည် မျက်နှာပြင် အကျယ် ၁၂ လက်မရှိပြီး အထူမှာ iPhone 6 ကဲ့သို့ပင် ၆.၉ မီလီမီတာ သာရှိကြောင်း သိရသည်။
MateBook တွင် ပါဝင်သော ဘက်ထရီသည် ၁၀ နာရီကြာ အသုံးခံပြီး Resolution အနေဖြင့် 2160×1440 ရှိကာ အလေးချိန်အားဖြင့် ၆၉၀ ဂရမ်သာ ရှိကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ZTE ကုမ္ပဏီက အလျား ၈.၄ လက်မသာ ရှိသည့် Spro Plus mini smart projector အား မိတ်ဆက် ပြသခဲ့ပြီး ၎င်း အနေဖြင့် မြင်ကွင်း အရည်အသွေး 2560×1600 pixel ရှိကြောင်း သိရသည်။
ယင်း projector တွင် Wi-Fi နှင့် LTE စနစ်တို့ပါဝင်ပြီး VoLTE စနစ်ကို ထောက်ပံ့ပေးထားကာ Android 6.0 Maeshmallow version ရှိသည့် ဖုန်းများဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ဘက်ထရီ သက်တမ်း အနေဖြင့် ၄ နာရီ ဆက်တိုက် အသုံးပြု နိုင်ကြောင်း သိရသည်။
Samsung ကုမ္ပဏီကလည်း ၎င်း၏ နောက်ဆုံးပေါ် စမတ်ဖုန်း Galaxy S7 နှင့် S7 Edgeတို့ အား ထုတ်ဖော် ပြသခဲ့သည်။ အသစ် ထွက်ပေါ်လာသော Galaxy S7 နှင့် S7 Edge တို့သည် S6 ဒီဇိုင်း၌ ရေစိုခံစနစ် IP68 နှင့် microSD card ထည့်ရန် slot တစ်ခုတို့ကို ထည့်သွင်းထားခြင်း ဖြစ်ကြောင်း သိရသည်။
Galaxy S7 သည် မျက်နှာပြင် အကျယ် ၅.၁ လက်မရှိပြီး မျက်နှာပြင် အခုံးဖြစ်ကာ Galaxy S7 Edge အနေဖြင့် ၅.၅ လက်မ မျက်နှာပြင် အကျယ် နှင့် ဘယ်၊ ညာ နှစ်ဖက်စလုံးတွင် မျက်နှာပြင်ကွေး ပါရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.