Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အင်အား ၅.၁ အဆင့်ရှိသော ငလျင်လှုပ်

ငလျင်ကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း အက်ဆန်ပြည်နယ်တွင် ဇွန်လ ၁၁ ရက်က အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ထုတ်ပြန်ချက်အရ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၀း၂၃ နာရီအချိန်တွင် အက်ဆန်ပြည်နယ် မြို့တော် Dispur မှ အရှေ့ဘက် ၁၁၄ ကီလိုမီတာခန့်အကွာ၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ငလျင်ရဲ့ ဗဟိုချက်က မြောက်လတ္တီကျု ၂၆.၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၂.၅ ဒီဂရီအကြား မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုခဲ့တယ်” ဟု အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။

ယင်းပြည်နယ်တစ်ဝိုက် ငလျင် လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း တာဝန်ရှိသူများက ဆိုသည်။

သို့သော် ငလျင်ကြောင့် လူသေဆုံးခြင်း သို့မဟုတ် ပျက်စီးဆုံးရှုံးမှု သတင်းများ မရရှိသေးကြောင်း သိရသည်။ (Xinhua)