Connect with us

Asia

ဘဂ္ဂဒတ်မြို့ရှိ ရွေးကောက်ပွဲကော်မရှင် ဂိုဒေါင်မီးလောင်

ဘဂ္ဂဒတ်မြို့ရှိ ရွေးကောက်ပွဲကော်မရှင်ဂိုဒေါင် မီးလောင်မှုအား ငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒတ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်ရှိ လွှတ်တော်ရွေးကောက်ပွဲ ဆန္ဒမဲသေတ္တာများ ထားရှိသော ဂိုဒေါင်သုံးလုံးမှာ ဇွန်လ ၁၀ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် Gailani ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင် ဂိုဒေါင်များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဘဂ္ဂဒတ်ရှိ Risafa အရှေ့ဘက်ပိုင်းမှ ဆန္ဒမဲသေတ္တာများ ထားရှိသည့် ဂိုဒေါင်များ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။မေလ ၁၂ ရက်က ပါလီမန်ရွေးကောက်ပွဲတွင် လိမ်လည်မှုများရှိကြောင်း စွပ်စွဲပြောဆိုမှုများဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒမဲများအား ပြန်လည်ရေတွက်ရန် လွှတ်တော်က ဇွန်လ ၆ ရက်က အတည်ပြုခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117