Connect with us

Asia

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့ တွေ့ဆုံ

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းတို့အား တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်နှင့် မတွေ့ဆုံမီ ဇွန်လ ၁၁ ရက်တွင် စင်ကာပူ သမ္မတ အိမ်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ထရမ့်နှင့် ကင်တို့၏ သမိုင်းဝင် ထိပ်သီးအစည်းအဝေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံ သံတမန်များနှင့် မြောက်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်များကလည်း ဇွန်လ ၁၂ ရက် နံနက်ပိုင်းတွင် ပြုလုပ်မည့် ခေါင်းဆောင် နှစ်ဦး တွေ့ဆုံပွဲမတိုင်မီ ကွာဟချက်များ နည်းနိုင်သမျှနည်းအောင် ဇွန်လ ၁၁ ရက်က တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထရမ့်သည် ကနေဒါနိုင်ငံတွင် ပြုလုပ်သည့် G7 (Group of Seven) အစည်းအဝေးတက်ရောက်ပြီးနောက် ဇွန်လ ၁၁ ရက် ညပိုင်းက စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လီသည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်နှင့် ဇွန်လ ၁၀ ရက် ညပိုင်းက တွေ့ဆုံခဲ့သည်။

ကင်နှင့် ထရမ့်တို့သည် စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်တွင် ဇွန်လ ၁၂ ရက်၌ ပြုလုပ်မည့် မကြုံစဖူး ထူးခြားသည့် ထိပ်သီးအစည်းအဝေးအတွက် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးနှင့် မြောက်ကိုရီးယာ-အမေရိကန် ဆက်ဆံရေး စသည့် ကိစ္စရပ်များက အစည်းအဝေး၏ ထိပ်ဆုံးရောက် အစီအစဉ်များအဖြစ် ပါဝင်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117