Connect with us

Asia

အိန္ဒိယဘက်မှ ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ် အား ပစ်ချခဲ့ကြောင်း ပါကစ္စတန်စစ်တပ်ပြောကြား

နှစ်နိုင်ငံ နယ်စပ်ထိန်းချုပ်ရေးမျဉ်း (LoC) တစ်လျှောက် တွင် လုံခြုံရေးဆောင်ရွက်နေသည့် အိန္ဒိယတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်စစ်တပ် က အငြင်းပွားမှုများဖြစ်ပွားနေသည့် ကတ်ရှ်မီးယားဒေသ ရှိ နှစ်နိုင်ငံ နယ်စပ်ထိန်းချုပ်ရေးမျဉ်း (LoC) တစ်လျှောက် တွင် ပျံသန်းနေသည့် အိန္ဒိယမှ ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ် တစ်စင်းအား ပစ်ချခဲ့ကြောင်း မတ် ၁၆ ရက်ကပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသတွင် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သော အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင်း အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်နေစဉ် ယင်းဖြစ်စဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Asif Ghafoor က ကတ်ရှ်မီးယားဒေသတွင် နှစ်နိုင်ငံ နယ်နိမိတ်အား ပိုင်းခြားထားသည့် နယ်စပ်ထိန်းချုပ်ရေးမျဉ်း (LoC) တစ်လျှောက် ရှိ Rakhchikri အပိုင်းတွင် အိန္ဒိယမှ ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ် တစ်စင်းအား ပစ်ချခဲ့ကြောင်း တွစ်တာ၌ရေးသားခဲ့သည်။

၎င်းက အဆိုပါ မောင်းသူမဲ့လေယာဉ် သည် ပါကစ္စတန်နိုင်ငံအတွင်းသို့ ၁၅၀ မီတာအထိ ဝင်ရောက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လတွင်လည်း ပါကစ္စတန်စစ်တပ်က အိန္ဒိယလေယာဉ် ၂စင်းအား ပစ်ခတ်ခဲ့ကြောင်းပြောကြားခဲ့ပြီး အိန္ဒိယဘက်က ယင်းသို့ဝင်ရောက်ခြင်းမှာ ပါကစ္စတန်နိုင်ငံအနောက်မြောက်ဘက် ရှိ စစ်သွေးကြွစခန်းတစ်ခုကို တိုက်ခိုက်ရန်ဖြစ်သည်ဟု ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.