Connect with us

Asia

အီရတ်တွင် မိုင်းဗုံးပေါက်ကွဲမှုကြောင့် ပြင်သစ်သတင်းထောက်တစ်ဦး ထပ်မံသေဆုံး

ပြင်သစ်သတင်းထောက် Veronique Robert အား မဟာမိတ်တပ်ဖွဲ့ဝင်များ နှင့်တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မိုဆူးလ်မြို့တွင် မိုင်းဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သော ဒုတိယမြောက် ပြင်သစ် သတင်းထောက် တစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဇွန် ၂၄ ရက်တွင်ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံပိုင်း France 2 ရုပ်သံလိုင်း အတွက် ထုတ်လွှင့်မှု အစီအစဉ်အတစ်ခုကို တာဝန်ယူထားသော Veronique Robert အမည်ရှိ အမျိုးသမီး သတင်းထောက်တစ်ဦးသည် နိုင်ငံပေါင်းစုံ မဟာမိတ်တပ်ပေါင်းစုများက IS စစ်သွေးကြွများ ခြေကုပ်ယူထားသည့် မိုဆူးလ်မြို့ အား ပြန်လည်ရယူရန် တိုက်ပွဲများဆင်နွှဲနေသည်ကို သတင်းလိုက်ယူရင်း ယခုရက်သတ္တပတ်အစောပိုင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။၎င်း၏ ဒဏ်ရာများအား ကုသမှုပေးရန် ပြင်သစ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးခဲ့ကြောင်း ဝန်ကြီးဋ္ဌာနကပြောကြားခဲ့သည်။မိုင်းဗုံးပေါက်ကွဲမှုကြောင့် ဇွန်လ ၁၉ ရက်တွင်လည်း ပြင်သစ်သတင်းထောက် Stephan Villeneuve နှင့် အီရတ် သတင်းသမား Bakhtiyar Haddad တို့ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.