Connect with us

Australia / Oceania

ခွေးပြန်ပေးဆွဲခံရကြောင်း မမှန်သတင်းတိုင်ကြားသော သြစတြေးလျအမျိုးသား တရားစွဲခံရ

သြစတြေးလျနိုင်ငံ၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလက ခွေးပြန်ပေးဆွဲမှုတစ်ခုကို တရားရုံး၌ စစ်ဆေးနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

သြစတြေးလျနိုင်ငံသားအမျိုးသားတစ်ဦးသည် ၎င်း၏ခွေးလေး သေဆုံးမှုနှင့်ပတ်သက်၍ ထိုခွေးမှာ ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အား သတင်းပေးတိုင်ကြားခဲ့ရာ၊ ယင်းတိုင်ကြားချက်မှာ မမှန်သတင်းတိုင်ကြားမှုသာဖြစ်ကြောင်းကို ယနေ့(ဧပြီလ ၆ ရက်)တွင် ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုခဲ့ပြီးနောက်တွင် တရားစွဲဆိုခံလိုက်ရကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ်ရှိ Quishi Xia ဆိုသူသည် ပြီးခဲ့သော ဖေဖော်ဝါရီလက ၎င်း၏ ခွေးလေးတစ်ကောင် အပါအဝင် ၎င်း၏ဘဏ်စာအုပ် နှင့် ပိုက်ဆံအိတ်ကို လူသုံးယောက်က လုယက်ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာ ၎င်းတိုင်ကြားချက်မှာ မမှန်သတင်းတိုင်ကြားမှုသာဖြစ်ကြောင်းကို ရဲတပ်ဖွဲ့ကသိရှိသွားပြီးနောက်တွင် ယခုကဲ့သို့တရားစွဲဆိုခံလိုက်ရခြင်းဖြစ်သည်။

အမှန်တွင် ထိုလုယက်တိုက်ခိုက်မှုက ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။ Xia က လုပ်ကြံဇာတ်လမ်းဖန်တီးခဲ့ကြောင်းသာဖြစ်ကာ အဖြစ်မှန်အား ရည်းစားဖြစ်သူကိုပင် မပြောခဲ့ပေ။

ထိုအချိန်က ၎င်း၏ ခွေးပြန်ပေးဆွဲခံရသော သတင်းမှာ သြစတြေးလျနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့်ကျော်ကြားခဲ့ပြီး အဖြစ်မှန်ကို မသိရခင်ကာလတွင် “ ခွေးပြန်ပေးဆွဲမှု” ၊ “၁၄ ပတ်သား ဥကလေးခေါ်ချစ်စဖွယ်ခွေးငယ်လေး” စသည်ဖြင့် သတင်းခေါင်းစဉ် အမျိုးမျိုးဖြင့် မီဒီယာများက သတင်းရေးသား ဖော်ပြခဲ့ကြသည်။

ဧပြီလ ၆ ရက်တွင် Burwood ဒေသဆိုင်ရာတရားရုံး အပြင်ဘက်၌ သတင်းသမားများအား တွေ့ဆုံစဉ် Xia က ၎င်း နှင့် ၎င်း၏ချစ်သူမိန်းကလေးတို့ဒုတိယမြောက်ပိုင်ဆိုင်သော ထိုခွေးလေးသေဆုံးသွားသည့် ဖြစ်ရပ်အမှန်ကို ချစ်သူမိန်းကလေးကို အသိမပေးလိုသဖြင့် ယခုကဲ့သို့လုပ်ကြံဇာတ်လမ်းဖန်တီး၍ ပြောဆိုခဲ့ရခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။

“ ကျနော်တို့ရဲ့ခွေးလေးသေဆုံးသွားတဲ့သတင်းကို ဖုံးကွယ်ဖို့အတွက် အားလုံးကို လုပ်ခဲ့မိပါတယ်” ဟု Xia ကဆိုသည်။ သြစတြေးလျရဲတပ်ဖွဲ့သည် ဆစ်ဒနီမြို့ရှိ အိုလံပစ်ပန်းခြံထဲက CCTV ကင်မရာမှတဆင့် ခြေရာခံ၍ မမှန်သတင်းတိုင်ကြားမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.