Connect with us

Australia / Oceania

အသက် ၁၀၁ နှစ်အရွယ် သြစတြေးလျ အဘွားအို ကားတိုက်မှုကြောင့် သေဆုံး

သြစတြေးလျနိုင်ငံ ကွင်းစ်လန်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားနေခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်၌ ကြောက်မက်ဖွယ် ကားတိုက်မှု တစ်ခု ဧပြီလ ၇ ရက်တွင် ဖြစ်ပွားခဲ့ရာ အသက် ၁၀၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးကာ လမ်းလျှောက်တတ်ကာက ကလေးငယ် တစ်ဦး အပါအဝင် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အခင်း ဖြစ်ပွားမှုကြောင့် အဆိုပါ လမ်း နှစ်ဘက်လုံးအား ပိတ်ထားခဲ့ကြောင်း၊ မော်တော်ယာဉ် တစ်စီးအတွင်း ခရီးသည်အဖြစ် လိုက်ပါလာသော အသက် ၁၀၁ နှစ်အရွယ် အမျိုးသမီးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကွင်းစ်လန်း လူနာတင်ယာဉ် ဝန်ဆောင်မှု ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ကားတိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး ၂ ဦး၊ အမျိုးသား တစ်ဦး၊ ယောင်္ကျားလေး ၁ ဦး၊ လမ်းလျှောက်တတ်စ မိန်းကလေးငယ် ၁ ဦးတို့အား ကုသမှု ပေးခဲ့ရကြောင်း ပြောကြားခဲ့သည်။

ထို ကားတိုက်မှုတွင် ယာဉ် သုံးစင်း ပါဝင်ပြီး ဖြစ်ပွားရသည့် အကြောင်းရင်းအား ရဲတပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.