Connect with us

Australia / Oceania

သြစတြေလျနိုင်ငံ အနောက်ပိုင်းတွင် အသေးစားလေယာဉ် တစ်စီး ပျက်ကျရာ လူ ၂ဦးသေဆုံး

သြစတြေလျနိုင်ငံတွင် ပျက်ကျခဲ့သည့် အသေးစားလေယာဉ် (Gyrocopter) နှင့် ပုံစံတူတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်းအလွန်ရှိ ရေတိမ်ပိုင်းအတွင်းသို့ ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းက အသေးစားလေယာဉ် (Gyrocopter) တစ်စီး ပျက်ကျခဲ့ရာ လူ ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ ရေငုပ်သမားများသည် လေယာဉ်အပိုင်းအစများကို ရှင်းလင်းဖယ်ရှားခဲ့ပြီး မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ လေယာဉ်သည် အမြင့် ၂၀၀မီတာခန့်မှ ပင်လယ်ထဲသို့ မထိုးဆင်းမီအချိန်အထိ အခြေအနေကောင်းမွန်ခဲ့ကြောင်း သိရသည်။

Gyrocopter အမျိုးအစားလေယာဉ်ငယ်သည် အလေးချိန်ပေ့ါသည့် အားကစားလေယာဉ်ငယ်တစ်မျိုးဖြစ်ပြီး သြစတြေးလျနိုင်ငံတွင် အခြားသော လေယာဉ်ပုံစံမျိုးများထက် မတော်တဆဖြစ်၍ သေဆုံးနိုင်ခြေများပြားကြောင်း သိရသည်။

လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသေးဘဲ ယင်းလေယာဉ်ငယ်ပျံသန်းမှုများကို ကြီးကြပ်ကွပ်ကဲသည့် Australian Sprot Rotrocraft Association ၏ အကူအညီဖြင့် ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.