Connect with us

Eastern Europe

ဆီးရီးယားဓာတုလက်နက်ကိစ္စကို ဖြစ်နိုင်ခြေရှိသော သက်သေပြချက် လေ့လာရန် အမေရိကန် နှင့် ရုရှားတို့သဘောတူ

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တေလာဆန်(ဝဲ)နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Lavrov (ယာ) တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်၌ ဓာတုလက်နက်ဖြင့်တိုက်ခိုက်ခဲ့သည့် ကိစ္စရပ်ကို ဖြစ်နိုင်ခြေရှိသော သက်သေပြချက် လေ့လာရန် ရုရှား နှင့် အမေရိကန် နိုင်ငံတို့သည် ဧပြီလ ၂၁ ရက်က သဘောတူညီခဲ့ကြကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ဆိုသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန် တို့သည် တယ်လီဖုန်းဖြင့် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အဆိုပါ သဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထိုသို့ ဖုန်းဖြင့် ဆွေးနွေးစဉ် ဆီးရီးယားနိုင်ငံ Shayrat လေတပ်အခြေစိုက်စခန်းမှ ဓာတုလက်နက်များ ထွက်ပေါ်ခဲ့ခြင်း နှင့် ဓာတုလက်နက်တားဆီးရေးအဖွဲ့(OPCW) ၏ တားမြစ်ချက်ကို ဖောက်ဖျက်ပြီး ဆီးရီးယားအစိုးရက ဆာရင်ဓာတ်ငွေ့များအသုံးပြုခဲ့သည်ဆိုသည့် ကိစ္စရပ်ကို စုံစမ်းစစ်ဆေးရန် အမေရိကန်အစိုးရ၏တောင်းဆိုချက်ကို ရုရှားအစိုးရက ငြင်းဆန်ခဲ့သည်ဆိုသော ပြောဆိုချက်အပေါ် ဝမ်းနည်းရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

“ OPCW ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း စုံစမ်းစစ်ဆေးရာမှာ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့လေ့လာသွားဖို့ကို သဘောတူညီခဲ့ကြပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ရုရှားနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး၏ ဖုန်းဖြင့် ဆွေးနွေးခဲ့စဉ်အတွင်း နှစ်ဖက်ဆက်ဆံရေးအကြားရှိနေသောအတားအဆီးများကို ဖယ်ရှားရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဆင့် ပါဝင်သည့် ပူးတွဲလုပ်ငန်းအဖွဲ့တစ်ခုကို စောလျင်စွာ ဖွဲ့စည်းသွားရန်လည်း သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.