Connect with us

Eastern Europe

ဒမတ်စ်ကက်စ်မြို့ရှိ ရုရှားသံရုံး မော်တာကျည်ဆံဖြင့် တိုက်ခိုက်ခံရခြင်းအတွက် ပြစ်တင်ရှုတ်ချ

ဆီးရီးယားနိုင်ငံ ဒမတ်စ်ကက်စ်မြို့ ရှိ ရုရှားသံရုံးအား၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၂၂ရက်က တွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဒမတ်စ်ကက်စ်မြို့ရှိ ရုရှားသံရုံးအား နောက်ဆုံး အကြိမ် မော်တာကျည်ဆံဖြင့် တိုက်ခိုက်ခံရပြီး သံရုံးအတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရသည့် ကိစ္စ နှင့်ပတ်သက်၍ ရုရှားနိုင်ငံက နိုဝင်ဘာ ၂ဝ ရက်တွင် ပြစ်တင်ရှုတ်ချ လိုက်သည်။

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ မော်တာကျည်ဆံတစ်လုံးသည် သံရုံးဝန်ထမ်းများ နေထိုင်သည့် အဆောက်အအုံတစ်လုံးအနီးရှိ ရုရှားသံရုံး၏ ခြံစည်းရိုးနံရံကို ထိမှန်ခဲ့ကြောင်း ၊ ၎င်းမော်တာကျည်ဆံထိမှန်မှုကြောင့် သံရုံးအတွင်း လျှပ်စစ်ဓာတ်အားစနစ် နှင့် ရေပေးဝေရေးစနစ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။

သံရုံးအတွင်းရှိ ဝန်ထမ်းများ တစ်ဦးတစ်ယောက်မျှ ထိခိုက်မှု ဒဏ်ရာရမှုမရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။ သံရုံးအား ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ “ စော်ကားသော အပြုအမူ” ကို ကုလသဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ပြစ်တင်ရှုတ်ချရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုပါကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၂ဝ၁၅ ခုနှစ်တွင် ဆီးရီးယားနိုင်ငံ၌ အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ဆင်ရေးများတွင် ရုရှားနိုင်ငံက စတင်ပါဝင်လာခဲ့ပြီးနောက်ပိုင်းတွင် ဒမတ်စ်ကက်စ်မြို့ရှိ ရုရှားသံရုံးမှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရသည်။

ရုရှားနိုင်ငံ လေကြောင်းတပ်ဖွဲ့သည် လက်ရှိတွင် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းတွင် အိုင်အက်စ်(IS) အကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်းနေသည့် ဆီးရီးယားအစိုးရတပ်များအား ထောက်ပံ့ကူညီပေးနေသည်။

နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ကာ ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်တို့နောက်ဆုံး သိမ်းပိုက်ထားသည့် နေရာများအနက် Abu Kamal မြို့အနီးကို ရုရှားဗုံးကျဲလေယာဉ်များ နှင့် ရေငုပ်သင်္ဘောများမှ နေ၍ တိုက်ခိုက်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.