Connect with us

Eastern Europe

ရုရှား နှင့် အခြားဒေသတွင်း ၆ နိုင်ငံ ပါဝင်သော ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

တရုတ်လွတ်မြောက်ရေးတပ်မတော်(PLA) ၏ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းပေါ်မှ ဒုံးကျည်းပစ်လွှတ်နေစဉ်(ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

တရုတ် ၊ အိန္ဒိယ ၊ ကာဇက်စတန် ၊ ကာဂျစ်စတန် ၊ တာဂျစ်ကစ်စတန် နှင့် ဥဇဘတ်ကစ်စတန် နိုင်ငံများမှ စစ်သည်များသည် ရုရှားနိုင်ငံ၌ စက်တင်ဘာ ၁၆ ရက် မှ ၂၁ ရက်အထိ ပြုလုပ်မည့် Tsentr-2019 ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် ပါဝင်လေ့ကျင့်ကြမည်ဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂ဝ ရက်တွင်ပြောကြားခဲ့သည်။

Tsentr-2019 မဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုသည် ယခုနှစ်အတွက် ရုရှားစစ်တပ်၏ နောက်ဆုံးအဆင့်ပြုလုပ်သော တိုက်ပွဲဝင်လေ့ကျင့်ရေး အစီအစဉ်တစ်ခုဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါလေ့ကျင့်မှုတွင် နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် ဗဟိုအာရှဒေသစစ်ဘက်ဆိုင်ရာလုံခြုံရေးအပါအဝင် တိုက်ပွဲဝင်လေ့ကျင့်မှုအစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လေ့ကျင့်မှုအစီအစဉ်တွင် စစ်သည်အင်အား စုစုပေါင်း ၁၂၈,ဝဝဝ ဦး ၊ စစ်လက်နက်ပစ္စည်းပေါင်း ၂ဝ,ဝဝဝ ကျော် ၊ လေယာဉ်အစင်း ၆ဝဝ ကျော် နှင့် စစ်င်္ဘော နှင့် ထောက်ပံ့ရေးရေယာဉ် ၁၅ စင်းပါဝင်မည်ဖြစ်ကြောင်း မြေထဲပင်လယ်အပါအဝင်ရုရှားနိုင်ငံ၏ စစ်ဘက်လေ့ကျင့်ရေးကွင်း ၈ ခုတွင် ပြုလုပ်သွားမည်ဖြစ်သည်။

ပြည်ပနိုင်ငံများတွင် လှုပ်ရှားနေသော တရားမဝင်လက်နက်ကိုင်အုပ်စုများအား တိုက်ခိုက်ချေမှုန်းသည့် ပုံစံတူ လေ့ကျင့်ရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။

ယခင်က Tsentr စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ၂ဝဝ၈ ၊ ၂ဝ၁၁ နှင့် ၂ဝ၁၅ ခုနှစ်များတွင် အသီးသီးပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

Tsentr-2015 စစ်ရေးလေ့ကျင့်မှုတွင် စစ်သည်အင်းအား ၉၅,ဝဝဝ ၊ စစ်လက်နက်ပစ္စည်း ၇,ဝဝဝ ၊ လေယာဉ် ၁၇ဝ စင်း နှင့် စစ်သင်္ဘော ၂ဝ စင်း ပါဝင်ခဲ့သည်။ အဆိုပါ ၂ဝ၁၅ လေ့ကျင့်မှုတွင် ကာဇက်စတန် နှင့် နီကာရာဂွေ နိုင်ငံများမှ စစ်သည်များလည်း ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။(Xinhua)