Connect with us

Eastern Europe

၂ဝ၁၇ ခုနှစ်တွင် ရုရှားနိုင်ငံ၏ လက်နက်တင်ပို့ခြင်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅.၃ ဘီလီယံရရှိ

ရုရှားနိုင်ငံမှ ထုတ်လုပ်သော စက်သေနတ်တစ်လက်အား ပြသထားစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် စစ်လက်နက်များ နှင့် စစ်အသုံးအဆောင်ကိရိယာပစ္စည်းများ တင်ပို့ရောင်းချခြင်းမှ တဆင့် ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဝင်ငွေအမေရိကန် ဒေါ်လာ ၁၅.၃ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ဒီနှစ် ဇန်နဝါရီလ ကနေ စက်တင်ဘာလ အထိ ရလဒ်တွေပေါ်မှ အခြေခံပြီး စစ်ဘက်ဆိုင်ရာ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှု ဟာ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံကျော် ရှိခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်အစီအစဉ် အောက်မှာတော့ စစ်လက်နက်တင်ပို့ခြင်းကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅.၃ ဘီလီယံ ရမှာပါ ” ဟု ရုရှားနိုင်ငံ နှင့် ပြည်ပနိုင်ငံများ စစ်ဘက်ဆိုင်ရာ နည်းပညာပိုင်းပူးပေါင်းဆောင်ရွက်မှုကော်မရှင်၏ အစည်းအဝေးတွင် ပူတင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတပူတင်၏ ပြောကြားချက်အရ လွန်ခဲ့သော နှစ်များက ရုရှားနိုင်ငံ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများတွင် စီးပွားရေး နှင့် ငွေကြေးတည်ငြိမ်မှု ဖြစ်ပေါ်တိုးတက်ခဲ့ကြောင်း နှင့် ၎င်းတို့၏ နည်းပညာ နှင့် ထုတ်လုပ်မှုမှာ တိုးမြင့်လာခဲ့ကြောင်း ၊ ယင်းမှာ ပို့ကုန်မောင်းနှင်အားကို တွန်းအားပေးနိုင်ခဲ့ပြီး အရည်အသွေးပိုင်းကိုလည်း မြှင့်တင်နိုင်ခဲ့ကြောင်း ဆိုခဲ့သည်။

“ ဒါဟာ စစ်ဖက်ရော အရပ်ဖက်ပါ နှစ်ခုစလုံးမှာ အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ တီထွင်ထုတ်လုပ်မှုတွေပဲဖြစ်ပါတယ်။ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုကဏ္ဍဟာ သိပ်ကို အရေးကြီးတဲ့အကြောင်း ထပ်မံပြောကြားလိုပါတယ်” ဟု ပူတင်က ဆိုသည်။ထို့ပြင် သမ္မတပူတင်က “ လက်နက်တင်ပို့ရောင်းချမှုဟာ ဘယ်နိုင်ငံအတွက်မဆို သိပ်ကိုကြီးမားတဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိပါတယ်။သက်ဆိုင်သူအားလုံးဟာ ကမ္ဘာ့လက်နက်ဈေးကွက်မှာ ဒီအချက်ကို အထူးသတိပြုသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။(Xinhua)