Connect with us

Eastern Europe

မော်စကိုမြို့အနီး၌ S-400 ဒုံးကျည် စနစ်များကို ရုရှားအစိုးရ တပ်ဆင်ထား

ရုရှားနိုင်ငံ မော်စကိုမြို့ အနီးတွင် ရုရှားစစ်တပ်မှ ဒုံးကျည်များ တပ်ဖြန့် ချထားမှုပြုလုပ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့အနီး၌ ခေတ်မီ၍ နည်းပညာနက်နဲသော S-400 ဒုံးကျည်စနစ်များကို ရုရှားနိုင်ငံ လေတပ်တပ်ဖွဲ့၏ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း တစ်ခုက တပ်ဆင်ပြီး လုပ်ငန်းတာဝန်များကို စတင်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ထပ်မံ၍ ဒုံးကျည် စမ်းသပ်မှုများ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ပြီးနောက်ပိုင်းတွင် နောက်ထပ် S-400 ဒုံးကျည်စနစ်တစ်ခုကို ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ရုရှားနိုင်ငံ လေတပ်တပ်ဖွဲ့သည် လက်နက်ကိရိယာ ပြန်လည်တပ်ဆင်ရေး အစီအစဉ်ဖြင့် ၂ဝ၁၆ ခုနှစ်တွင် S-400 ဒုံးကျည်စနစ် ၄ခုကို လက်ခံရရှိခဲ့ပြီး နောက်ထပ် ဒုံးကျည် ၄ ခုကို ၂ဝ၁၇ ခုနှစ်အတွင်း ထပ်မံရရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

S-400 Triumf ဒုံးကျည်ကို ၂ဝဝ၇ ခုနှစ်က ပထမဆုံး စတင်အသုံးပြုခဲ့ပြီး ၊ အဆိုပါ မျိုးဆက်သစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်သည် ၄ဝဝ ကီလိုမီတာအကွာအဝေးရှိ ဝေဟင်ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိကြောင်း သိရသည်။

ဆီးရီးယား နှင့် တူရကီ နယ်စပ်တွင် ပျံသန်းနေသော ရုရှားဂျက်လေယာဉ်တစ်စင်းကို တူရကီနိုင်ငံက ပစ်ချခံပြီးနောက်တွင် ရုရှားနိုင်ငံသည် S-400 ဒုံးကျည်စနစ် တစ်ခုကို ဆီးရီးယားနိုင်ငံရှိ Hmeimim လေတပ်အခြေစိုက်စခန်း၌ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.