Connect with us

Eastern Europe

ရုရှားအာဏာရပါတီ ဥက္ကဋ္ဌအဖြစ် မက်ဗီဒက် ပြန်လည်အရွေးခံရ

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် (ယာ) နှင့် ပါတီဥက္ကဋ္ဌ မက်ဗီဒက် (ဝဲ) တို့ အားအတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက် ( Dmitry Medvedev ) သည် ရှေ့လာမည့် ၅ နှစ်တာသက်တမ်း အတွက် ရုရှားအာဏာရပါတီ၏ ဥက္ကဋ္ဌအဖြစ် ဇန်နဝါရီလ ၂၂ ရက်တွင် ပြန်လည်အရွေးခံရကြောင်းသိရသည်။

မက်ဗီဒက် ပြန်လည်အရွေးခံရသည်ဆိုသည့် ရလဒ်ကို ပါတီ၏ အဆင့်အမြင့်ဆုံးကောင်စီ ဥက္ကဋ္ဌ Boris Grizlov က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း RIA Novosti သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်သည် ပါတီဥက္ကဋ္ဌအဖြစ် မက်ဗီဒက် မတိုင်မီက တာဝန်ယူခဲ့သည်။ ၂ဝဝ၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော United Russia ပါတီသည် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် (သို့မဟုတ်) အောက်လွှတ်တော်၌ အမတ်နေရာ ၄၅ဝ ရှိသည့်အနက် ၃၄၃ နေရာကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

“အခက်အခဲတွေ နဲ့စွန့်စားမှုတွေ ကြုံတွေ့နေစဉ်မှာပဲ United Russia ပါတီကို မဲပေးခြင်းဖြစ် ရုရှားပြည်သူတွေဟာ တည်ငြိမ်မှုကို ရွေးချယ်ပြီး အစိုးရအပေါ်ယုံကြည်မှုကို ပြသခဲ့ပါတယ် ” ဟု ရုရှားလွှတ်တော်ရွေးကောက်ပွဲအပြီးတွင် ပူတင်ကပြောကြားခဲ့သည်။

United Russia ပါတီ၏ ရုရှားဒူးမားလွှတ်တော်အတွင်း အနိုင်ရရှိထားခြင်းသည် လာမည့် ၂ဝ၁၈ ခုနှစ်တွင် ကျင်းပမည့် ရုရှားသမ္မတရွေးကောက်ပွဲအတွက် အကျိုးရလဒ်တစ်ခု ဖြစ်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.