Connect with us

Eastern Europe

အစ္စတန်ဘူလ်နိုက်ကလပ်အား ဝင်ရောက်ပစ်ခတ်ခဲ့သော အကြမ်းဖက်သမားမှာ မည်သူဖြစ်သည်ကို သိရှိပြီဟု တူရကီအတည်ပြု

တူရကီနိုက်ကလပ် အကြမ်းဖက်တရာခံအား

အန်ကာရာ ၊ ဇန်နဝါရီ ၄ (ဆင်ဟွာ)

လူပေါင်း ၃၉ ဦးထိ သေဆုံးခဲ့ရသော တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တစ်ခုအား ဝင်ရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်တရားခံမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိရပြီဖြစ်ကြောင်း တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဇန်နဝါရီလ ၄ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ရန် လုပ်ဆောင်နေကြောင်း Anadolu သတင်းဌာနက ရေးသားဖော်ပြပါသည်။

တစ်ချိန်တည်းမှာပင် ဇန်နဝါရီလ ၁ ရက်က ဖြစ်ပွားခဲ့သော Reina နိုက်ကလပ် ပစ်ခတ်မှုနှင့်ဆက်စပ်သည့် အိုင်အက်စ်အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၂၇ ဦးကို Izmir ပြည်နယ်၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း Dogan သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

နိုက်ကလပ်တိုက်ခိုက်ခံရမှုနှင့်ဆက်စပ်၍ မိသားစုသုံးခု အပါအဝင် သံသယရှိသူ ၂၇ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားသည်။ Anatolian ပြည်နယ် Konya မြို့ရှိ လိပ်စာတစ်ခုကို တူရကီရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး သံသယရှိသူ နိုင်ငံခြားသား မိသားစုဝင် သုံးခုကို ရှာဖွေခဲ့သော်လည်း တစ်စုံတစ်ဦးကိုမျှ ၎င်းနေရပ်လိပ်စာတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

Reina နိုက်ကလပ်တိုက်ခိုက်ခံရပြီးနောက် ၎င်းတို့သည် Izmir ပြည်နယ်သို့ထွက်ခွာသွားကြောင်း သတင်းများက ဆိုသည်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်း Al-Bab ရှိ တူရကီစစ်တပ်သည် တူရကီနိုင်ငံအတွင်းရှိ အိုင်အက်စ်အကြမ်းဖက်သမား ၆ ဦးကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့ပြီး အကြမ်းဖက်ပစ်မှတ်ပေါင်း ၁ဝ၄ ခုကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း တူရကီနိုင်ငံ စစ်ဦးစီးချုပ် က ဇန်နဝါရီလ ၄ ရက်တွင်ပြောကြားခဲ့သည်။ အိုင်အက်စ်အကြမ်းဖက်သမားတစ်ဦးသည် နှစ်သစ်ကူးနေ့နံနက်အစောပိုင်းက တူရကီနိုင်ငံ Ortakoy ခရိုင်အတွင်းရှိ နိုက်ကလပ်တစ်ခုအား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၃၉ ဦးသေဆုံးပြီး ၆၅ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.