Connect with us

Europe

ကပ်ရောဂါ ကြောင့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရန် အရေးပါပုံ မှာ ပိုမိုပေါ်လွင်စေခဲ့ကြောင်း ဗြိတိန် နိုင်ငံ ပညာရှင်ပြောကြား

ဗြိတိန် နိုင်ငံ လူမှုသိပ္ပံ ကောလိပ် မှ နာမည်ကျော် လူမှုရေး ပညာရှင် Martin Albrow အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ လူမှုသိပ္ပံ ကောလိပ် မှ နာမည်ကျော် လူမှုဗေဒ ပညာရှင် Martin Albrow က ဆင်ဟွာ သတင်းဌာန နှင့် တွေ့ဆုံမေးမြန်းမှု ၌ ဖြေကြားရာ တွင် COVID-19 ရောဂါ ကဲ့သို့သော ကြီးမား သည့် အများပြည်သူ ကျန်းမာရေး ကိစ္စရပ်များ ဖြစ်ပေါ်လာ ချိန်တွင် လူသားအားလုံး အနေဖြင့် အသိပညာ ဗဟုသုတ ကို စုစည်း၍ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်လာသလို လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရန် အရေးပါပုံ မှာလည်း ပိုမိုပေါ်လွင်စေကြောင်း ပြောကြား ခဲ့သည်။

Martin Albrow သည် ဂလိုဘယ်လိုက်ဇေးရှင်း ကို အစောဆုံး အဆိုပြု ခဲ့သည့် ပညာရှင် တစ်ဦး ဖြစ်ပြီး လက်ရှိ တွင် အသက် ၈၂ နှစ် အရွယ် ရှိသည်။ ၎င်းအနေဖြင့် လတ်တလော နှစ်ပိုင်း အတွင်း တရုတ် နိုင်ငံ ၏ စီမံအုပ်ချုပ်မှု စနစ် ကို အဓိက ထား သုတေသန ပြုလုပ်နေပြီး “ လူသားမျိုးနွယ် ကံကြမ္မာ အသိုက်အဝန်း တွင် တရုတ် နိုင်ငံ ၏ အခန်းကဏ္ဍ” ဟူသည့် စာအုပ် အား ရေးသား ထုတ်ဝေ ခဲ့သူလည်း ဖြစ်သည်။

Martin Albrow က ကပ်ရောဂါ ကူးဆက် ပျံ့ပွားမှု နှင့် ရာသီဥတု ပြောင်းလဲမှု စသည့် ကမ္ဘာလုံး ဆိုင်ရာ အခက်အခဲ များ က လူသားအချင်းချင်း အပြန်အလှန် မှီခိုအားထားရမည် ကို ပေါ်လွင်စေ ပြီး  လူသား တို့ အား အတူတကွ ညှိနှိုင်းဆောင်ရွက်မှု နှင့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရန် လိုအပ်မှု တို့ကို ခံစား သိရှိစေခဲ့ကြောင်း ၊ လက်ရှိ ဖြစ်ပွား နေသည့် COVID-19 ရောဂါ သည် နိုင်ငံအသီးသီး ရှိ ပြည်သူလူထု တို့ အား ကံကြမ္မာ နှင့် အကျိုးစီးပွား က အချင်းချင်း ချိန်ဆက် နေသည့် ကို သိသာထင်းရှားစွာ သိရှိစေခဲ့ကြောင်း ၊ ရောဂါပိုး တွင် နယ်နိမိတ် ကန့်သတ် ထားခြင်း မရှိသောကြောင့် ကမ္ဘာပေါ်ရှိ လူသား အားလုံး အတူတကွ ကိုင်တွယ်ဖြေရှင်းသွားရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အစိုးရ ၏ COVID-19 ရောဂါ နှင့် ပတ်သက်သော ကြိုးပမ်းအားထုတ်မှု များအပေါ် ထောက်ခံအားပေးပြီး တရုတ် နိုင်ငံ ၏ WHO နှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်း များ အကြား သတင်း အချက်အလက်များ ဖလှယ်မှု အပေါ် ချီးမွမ်းကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး တွင် ဆောင်ရွက်ခဲ့သည့် ထိရောက်အားကောင်းသော ဆောင်ရွက်မှုများ အပေါ် လွန်စွာ အမှတ်ရစေ ခဲ့ပြီး အချိန်တို အတွင်း ဆေးရုံ နှစ် ရုံ တည်ဆောက် လိုက်ခြင်း က အံ့ဖွယ် တစ်ရပ် ဖြစ်ကြောင်း ၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း တွင် ရှေ့တန်း ၌ ကြိုးပမ်းစွာ တိုက်ပွဲဝင်နေသူများ အား လေးစားဂုဏ်ပြုကြောင်း Martin Albrow က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ထို့ပြင် Martin Albrow က လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရာ တွင် အဓိက အချက်မှာ အတူတကွ သက်ဆိုင်သည့် စီမံကိန်း များ ဖြင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကို အကောင်အထည် ဖော်ကာ အတူတကွ ရည်းမှန်ချက်ကို ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ယင်းဆောင်ရွက်မှုများ က နိုင်ငံတကာ အဖွဲ့အစည်း များ တည်ဆောက်ခြင်း ထက် ပိုမို အရေးပါကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ က အဆိုပါ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း တွင် ဦးစီးဆောင်ရွက်နိုင်စွမ်း ရှိသည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)