Connect with us

Europe

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-whaတို့အား တွေ့ရစဉ်(ဆင်ဟွာ)

မြူးနစ်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျာမနီနိုင်ငံ၌ ကျင်းပသည့် ၅၆ ကြိမ်မြောက် မြူးနစ် လုံခြုံရေး အစည်းအဝေးတက်ရောက်စဉ်ကာလအတွင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-whaနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးနှင့် ပတ်သတ်၍  နောက်ဆုံးအခြေအနေများကို ဦးစွာ ရှင်းလင်းပြောကြားခဲ့သည်။ဝမ်ရိက ရောဂါတိုက်ဖျက်ရေးတွင် နိုင်ငံအသိုက်အဝန်း အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ၊ ယခု ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက ရှေ့တန်းတွင် တည်ရှိရာ မိမိတို့အနေဖြင့် အောင်မြင်မှုရရှိမည်မှာသေချာသလို ယုံကြည်ချက်အပြည့်ရှိကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှ ပေးအပ်သော အဖိုးတန်သည့် ထောက်ခံကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံ ပြည်သူများ၏ချစ်ကြည်ရေးသည် ယင်းအတွက်ပင် ပို၍ တိုးပွားလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါသည် နောက်ဆုံးတွင် ပျောက်ကင်းသွားမည်ဖြစ်ရာ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား ပုံမှန် သွားလာကူးလူးဖလှယ်မှုများကို မကြာမီ ပြန်လည်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများ အားဖြည့်ဆောင်ရွက်သွားကာ နှစ်နိုင်ငံအကြား ယခုနှစ်အတွင်း ဆောင်ရွက်မည့် အဆင့်မြင့်အရာရှိအဆင့် ဆက်ဆံရေးကို အသင့်ပြင်ထားမည်ဖြစ်ကြောင်း ၊ တစ်ချိန်တည်းမှာပင် ဆေးကုသရေး၊ သိပ္ပံနည်းပညာစသည့် ကဏ္ဍသစ် ပူးပေါင်း ဆောင်ရွက်မှုများ ကို လုပ်ဆောင်သွားပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုအသစ် ရရှိစေရန် အားပြု ဆောင်ရွက်မည်ဖြစ်ကြောင်း၊  ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးနှင့် နျူကလီးယားအရေးကိစ္စများတွင် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာ၌ အပြုသဘောဆောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

တောင်ကိုရီးယား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-whaကလည်း တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံ သည် အိမ်နီးချင်းနိုင်ငံ ဖြစ်ကြောင်း ၊ ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ကြီးမားသည့် ကြိုးပမ်းအားထုတ်မှုကို အထူး တန်ဖိုးထား ချီးကျူးကြောင်း၊ မိမိတို့အနေဖြင့်  တရုတ်နိုင်ငံနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ လျင်မြန်စွာ ရောဂါထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

တောင်ကိုရီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ယခုနှစ်အတွင်း ဆောင်ရွက်မည့် အဆင့်မြင့် အရာရှိ ဆက်ဆံရေးအတွက် ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားလိုကြောင်း ၊ ကုန်သွယ်စီးပွား၊ စက်မှု၊ ပတ်ဝန်းကျင်၊ ကျန်းမာရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှု များကို နက်ရှိုင်းစွာ ဆောင်ရွက်သွားကာ နှစ်နိုင်ငံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ခြေလှမ်းသစ်ကို အားပြုဆောင်ရွက်သွားလိုကြောင်း၊ ကိုရီးယားကျွန်းဆွယ်အရေးတွင်လည်း တရုတ်နိုင်ငံနှင့်အတူ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်သွားလိုကြောင်း Kang Kyung-whaက ပြောကြားခဲ့သည်။ (Xinhua)