Connect with us

Europe

ဂရိနိုင်ငံ ဘဏ် လုပ်ငန်းများ လာမည့် ၂၀ ရက်နေ့တွင် ပြန်လည် ဖွင့်လစ်မည်

ဂရိ နိုင်ငံတွင် ဇွန်လ ၂၉ ရက်နေ့ မှ စတင်၍ ရပ်ဆိုင်း ထားသော ဂရိအမျိုးသား ဘဏ် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

အေသင် ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံ ဘဏ္ဍာရေး ဒုတိယ ဝန်ကြီး Dimitris Mardas မှ ဇူလိုင် ၁၆ ရက်နေ့က ၃ ပတ်ကြာ ရပ်နားခဲ့သည့် ဂရိ ဘဏ်လုပ်ငန်း များကို ၂၀ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း၊ သို့သော် နေ့စဉ် ငွေထုတ်ယူ နိုင်သည့် ပမာဏမှာ ယခင် အတိုင်း ပြောင်းလဲမှု မရှိသေးကြောင်း ပြောကြား ခဲ့သည်။

Dimitris Mardas က ၂၀ ရက်နေ့ မှ စတင်၍ ဘဏ်လုပ်ငန်းများ ၏ ဝန်ဆောင်မှု အချက်များ တိုးမြှင့်ပြီး ဂရိနိုင်ငံသား များအနေဖြင့် အပေးအယူ လုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၊ ငွေထုတ်ယူမှု ပမာဏ ကန့်သက်ချက်တွင် လူတစ်ဦးလျှင် နေ့စဉ် ယူရို ၆၀ ကန့်သတ် ထုတ်ယူ နိုင်မည်ဖြစ်ကြောင်း ၊ သို့သော် ထိုပမာဏ အား စုပေါင်းထုတ်ယူနိုင်ကြောင်း ဥပမာ နှစ်ရက် တစ်ကြိမ် ထုတ်ယူပါက ယူရို ၁၂၀ ထုတ်ယူ နိုင်မည် ဖြစ်သည်။

ငွေကြေး ပညာရှင်များမှ ငွေကြေး စုပုံ ထုတ်ယူမှု အန္တရာယ် မဖြစ်ပွား စေရန် ဂရိ နိုင်ငံ ၏ ငွေကြေး ထိန်းချုပ်မှု သည် အချိန် အတိုင်းအတာ တစ်ခု အထိ ဆောင်ရွက်သွားနိုင်ကြောင်း ပြောကြား ခဲ့သည်။

ဇူလိုင် ၁၆ ရက်နေ့က ဂရိ နိုင်ငံ လွှတ်တော်မှ ပြုပြင်ပြောင်းလဲရေး အဆိုများစွာ အား အတည်ပြုခဲ့သည်။ ထိုအတည်ပြု ခဲ့သည့် အဆို များတွင် ၁၃ ရက်နေ့က အကြွေးရှင် နိုင်ငံ များနှင့် သဘောတူညီမှု ရရှိခဲ့သည့် စာချုပ် နှင့် အခြားပြုပြင်ပြောင်းလဲရေး အစီအစဉ် များလည်း ပါဝင် ခဲ့သည်။ ထို့ကြောင့် ဂရိ နိုင်ငံ ၏ တတိယ အကြိမ် ကယ်ဆယ်ရေး ချေးငွေ ရရှိရန် အတွက် လည်း အခြေအနေ ကောင်းမွန် စေခဲ့သည်။ ဥရောပ ဗဟို ဘဏ် မှလည်း ထိုနေ့ တွင် ဂရိ နိုင်ငံ ဘဏ်လုပ်ငန်း များအပေါ် လည်ပတ်နိုင်ရေး အတွက် ကယ်ဆယ်မှု ချေးငွေ ပမာဏ အား တစ်ပတ် အတွင်း တိုးမြင့် ပေးရန် ဆုံး ဖြတ် ခဲ့သည်။

ဂရိ နိုင်ငံသည် ဇွန်လအတွင်း အကြွေးရှင် နိုင်ငံများနှင့် သဘောတူညီမှု မူကြမ်းအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရန် ဆုံးဖြတ် ခဲ့ပြီးနောက် ဥရောပ ဗဟိုဘဏ်မှ ဂရိ နိုင်ငံအတွက် အရေးပေါ် လည်ပတ်မှု ရရှိရေး ထောက်ပံ့ငွေ ပမာဏ မတိုးမြှင့်ရန် ဆုံးဖြတ် ခဲ့သည်။ ဘဏ်လုပ်ငန်း များလုံးဝ ပြိုလဲ သွားခြင်း မဖြစ်ပွားရန် ဂရိ အစိုးရ မှ ဇွန်လ ၂၉ ရက်နေ့ မှ စတင်၍ ဘဏ်လုပ်ငန်း များအား ရပ်ဆိုင်းလိုက်ပြီး ငွေကြေး ထိန်းချုပ်မှု များ ပြုလုပ် ခဲ့သည်။ (Xinhua)