Connect with us

Europe

ဂရိဘဏ်များကို အရေးပေါ် ငွေကြေး အထောက်အပံ့ ဥရောပ ဗဟိုဘဏ် ဆက်ကူညီ

ဇူလိုင်လ ၆ ရက်နေ့က ဂရိနိုင်ငံရှိ ဘဏ်တစ်ခုရှေ့တွင် ငွေထုတ်ယူရန် လူအများ တန်းစီနေစဉ် (ဆင်ဟွာ)

ဖရန့်ဖာ့၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ဂရိဘဏ်များကို အရေးပေါ် ငွေကြေး အထောက်အပံ့ အကူအညီ ဆက်ပြီး ထောက်ပံ့ပေးဖို့ ဥရောပ ဗဟိုဘဏ်က ဆုံးဖြတ်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့က သတ်မှတ်ထားသော အဆင့်အတိုင်း ထားမည်လို့ တနင်္လာနေ့ ညနေပိုင်း ဥရောပ ဗဟိုဘဏ် သတင်း ထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါ အကူအညီသည် ဂရိနိုင်ငံ အတွက် အသက် သွေးကြောသဖွယ် ဖြစ်နိုင်ပြီး ဂရိဘဏ်များ အတွက် ငွေပေါ်လွယ်မှု အထောက်အပံ့ တစ်ခု ဖြစ်သည်။

ဂရိဘဏ်များက အရေးပေါ် ငွေကြေး အထောက်အပံ့ အကူအညီ ရန်ပုံငွေများ တိုးမြှင့်ပေးဖို့ တောင်းဆိုထားမှု ကိုလည်း ဥရောပ ဗဟိုဘဏ် အုပ်ချုပ်ခွင့်ရ ကောင်စီမှ ဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။

အုပ်ချုပ်ခွင့်ရ ကောင်စီ အနေနဲ့ အရေးပေါ် ငွေကြေး အထောက်အပံ့ အကူအညီ အတွက် ဂရိဘဏ်၏ အာမခံပစ္စည်းကို အကဲဖြတ် လက်ခံဖို့ တနင်္လာနေ့က ဆုံးဖြတ်ခဲ့ကြောင်း၊ ငွေကြေးဈေးကွက်၊ ငွေကြေး ပေါ်လစီ ရပ်တည်ချက် အလားအလာ၊ ဈေးနှုန်း တည်ငြိမ်ရေး မျှခြေ အစရှိသည့် လုပ်ပိုင်ခွင့် နည်းလမ်းတွေကို အသုံးပြုရန် ဆုံးဖြတ်ထားကြောင်း သိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.