Connect with us

Europe

ဂရိ စိုးရိမ်မှု တွေကြားထဲမှ ယူရိုကို ကျော်ပြီး အမေရိကန် ဒေါ်လာဈေး မြင့်တက်

အမေရိကန် ဒေါ်လာနှင့် ယူရိုငွေများ (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

အေသင် မဲခွဲ ဆုံးဖြတ်ပြီးတဲ့နောက် တနင်္လာနေ့တွင် ယူရိုငွေကို ကျော်ဖြတ်ပြီး အမေရိကန် ဒေါ်လာ ဈေးမြင့်တက် သွားခဲ့ပါသည်။

နယူးယောက် ကုန်သွယ်မှုတွင် ယူရိုက ၁.၁၁၁၄ ဒေါ်လာ မှ ၁.၁၀၅၁ ဒေါ်လာ ထိကျဆင်းလာခဲ့ပြီး ဗြိတိန်ပေါင် ကတော့ ၁.၅၅၇၀ ဒေါ်လာ မှ ၁.၅၆၀၃ ဒေါ်လာကို တက်လာပါသည်။ သြစတြေးလျ ဒေါ်လာကတော့ ဝ.၇၅၂၃ ဒေါ်လာ မှ ဝ.၇၄၉၉ ဒေါ်လာ ထိ ကျဆင်းသွား ပါသည်။

အမေရိကန် တစ်ဒေါ်လာကို ဂျပန်ယန်း ၁၂၂.၄၅ နဲ့ ဝယ်ယူခဲ့ရပြီး ၁၂၂.၇၉ ယန်းကနေ ကျဆင်းလာခြင်း ဖြစ်သည်။ အမေရိကန် တစ်ဒေါ်လာကို ဆွဇ်ငွေ ဝ.၉၄၀၄ ကနေ ဝ.၉၄၂၇ ကို မြင့်တက်လာခဲ့ပြီး အမေရိကန် တစ်ဒေါ်လာကို ကနေဒါ ဒေါ်လာ ၁.၂၅၇၄ ကနေ ၁.၂၆၅၈ ကို ထိုးတက် သွားပါသည်။

ဂရိပြည်သူများသည် ဆန္ဒခံယူပွဲတွင် နိုင်ငံတကာ ငွေထုတ်ချေးသူများ၏ ငွေကြေး အကူအညီ အစီအစဉ်အပေါ် နိုင်ငံအဝှမ်း ကန့်ကွက် မဲပေးခဲ့ကြပြီးနောက် ဂရိနိုင်ငံသည် ယူရိုဇုန်မှ ထွက်ခွာသွားဖို့ အခွင့်အလမ်း နီးစပ်လာပါသည်။
“ဒီရလဒ်ဟာ ဂရိရဲ့ အနာဂတ်အတွက် အလွန် နှမြောဖို့ ကောင်းပါတယ်” လို့ယူရိုအုပ်စု ဥက္ကဋ္ဌ Jeroen Dijsselbloem က တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင် ပြောပါသည်။ ( Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117