Connect with us

Europe

ဂရိမထွက်ခွာရေး ယူရိုဇုန် နှင့် ဂရိအစိုးရ ကြိုးပမ်း

ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (ညာ) ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဂျိန်း-ကလော်ဒီ ဂျန်ကာ (ဘယ်) တို့မှ ယူရိုဇုန် ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးအပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ် / အေသင်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ရက်အနည်းငယ် အတွင်းက ဂရိ မဲဆန္ဒရှင်များက လူထုဆန္ဒခံယူပွဲတွင် နိုင်ငံတကာ ငွေထုတ်ချေးသူများ၏ ငွေကြေးအကူအညီ အစီအစဉ်အပေါ် ကန့်ကွက်ခဲ့မှုများသည် ကြွေးမြီဖိစီးနေသော ဂရိနိုင်ငံအား ယူရိုဇုန်မှ ထွက်ခွာမည့် အနေအထား မြင့်တက်လာ စေပါသည်။

ဘရပ်ဆဲလ်တွင် ကျင်းပနေသော ယူရို အုပ်စုအရေးပေါ် အစည်းအဝေးသည် အင်္ဂါနေ့ နေ့လည်တွင် ပြီးဆုံးခဲ့ပြီး မျှော်လင့်ထားသလို ဂရိအစိုးရထံမှ အဓိပ္ပါယ်ရှိသော အဆိုပြုလွှာတစ်ခုမျှ သူတို့ မရရှိခဲ့ကြောင်း ပြောပါသည်။

ယူရိုဇုန် ထိပ်သီး အစည်းအဝေး ပြီးတဲ့နောက် ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ်က ဂရိအစိုးရအား ပြည့်စုံပြီး အသေးစိတ်ကျသော အဆိုပြုလွှာကို ကြာသပတေးနေ့ နောက်ဆုံးထား တင်ရန် တိုက်တွန်းထား ပါသည်။

ဂရိဝန်ကြီးချုပ် အဲလက်စီပရက်စ်သည် ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာမာကဲ နှင့် ပြင်သစ်သမ္မတ ဖရန်စစ် အော်လန်ဒီတို့ ဘရပ်ဆဲလ်တွင် တံခါးပိတ် ဆွေးနွေးခဲ့ ကြသည်။

“ ကြွေးမြီဆိုင်ရာ အစီအစဉ် အတွက် ကန့်သတ်ရက်ဟာ ဒီတစ်ပတ်ကုန် နောက်ဆုံးဖြစ်ပါတယ်။ ဂရိနိုင်ငံကို ဒေဝါလီ ခံရနိုင်ခြေရှိတဲ့ အခြေအနေမှ ကယ်တင်နိုင်ရန် အချိန် ငါးရက်သာ ကျန်ရှိပါတယ်“ လို့ တက်စ်က ပြောပါသည်။

ဂရိနိုင်ငံနှင့် ၎င်း၏ ဘဏ်စနစ် ဒေဝါလီခံရမှုဟာ ပထဝီ နိုင်ငံရေးအရ ဥရောပနိုင်ငံ အားလုံး အပေါ် သက်ရောက်နိုင်တဲ့ အတွက် အီးယူနိုင်ငံ ခေါင်းဆောင်များကို တွေ့ဆုံပြီး ဘုံသဘောတူညီချက် ရရှိရန်အတွက် ဆွေးနွေးကြရန် တက်စ်က တိုက်တွန်းထားသည်။

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဂျိန်း-ကလော်ဒီ ဂျန်ကာသည် ဂရိထွက်ခွာခြင်းနှင့်ပတ်သက်ပြီး ဂရိထွက်ခွာခြင်းနဲ့ ဖြစ်ပေါ်လာနိုင်တာ တွေကို အသေးစိတ် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ပြောပါသည်။ဂရိနိုင်ငံ အနေနဲ့ကတော့ နောက်ဆုံး အပေးအယူအပေါ် ယုံကြည်ချက်ရှိကြောင်း၊ ယခု တစ်ပတ်ကုန်တွင် ဒီကိစ္စတွေ အောင်မြင်စွာ အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် စီပရက်စ် က ဘရပ်ဆဲလ်တွင် သတင်းထောက်များကို ပြောပါသည်။

အေသင် အစိုးရ သတင်းရင်းမြစ်အရ ဂရိဘက်က European Stability Mechanism ( ESM ) မှ ယူရို ၂၉ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၂ ဘီလီယံ) ငွေကြေး ထောက်ပံ့မှု အစီအစဉ် (၂) နှစ်ပေးဖို့ တောင်းဆို ထားပါတယ်။

နှစ်ဘက်လုံးမှ တာဝန်ရှိသူများနှင့် လေ့လာသူများ ကတော့ ယခု အခြေအနေဟာ အန္တရာယ်ရှိသော အနေအထား ဖြစ်ကြောင်း သတိပေး ထားပါသည်။ဂရိဘဏ်များနှင့်ငွေကြေး လည်ပတ်မှုများသည် ဇူလိုင်လ ၂၉ ရက်နေ့ ကတည်းက ကန့်သတ် ခံထားရသလို အေတီအမ်စက်များ ကလည်း ယခု တစ်ပတ်ထဲမှာ ငွေထုတ်နိုင်မှာ မဟုတ်ကြောင်း ခန့်မှန်းရပါသည်။

ဇူလိုင်လ ၁ ရက်နေ့ ကတည်းက အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့၏ ကြွေးကျန်များရှိပြီး ဥရောပ ဗဟိုဘဏ်ကိုလည်း ဇူလိုင်လ ၂၀ ရက်နေ့တွင် ယူရို ၃.၅ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၃.၈၅ ဘီလီယံ ) ပေးဆောင်ရန် ရှိပါသည်။

ဂျာမနီနှင့် ဥရောပ ကော်မရှင်၊ ဥရောပ ဗဟိုဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့တို့ အနေဖြင့် ဂရိကို ယူရိုဇုန်အတွင်း ဆက်လက်ရှိနေစေဖို့ ကြွေးမြီကိစ္စ ပြန်လည်သုံးသပ်ပြီး ခွင့်ပြုပေးရန် စီးပွားရေး ပညာရှင်များက တိုက်တွန်း ထားသည်။ (Xinhua)