Connect with us

Europe

ဂရိ နိုင်ငံ၏ ငွေကြေး ထိန်းချုပ်မှု လုပ်ဆောင်ချက်သည် ဂရိ နိုင်ငံ စီးပွားရေး အတွက် ယူရို ၁.၂ ဘီလီယံ ဆုံးရှုံးမှု ဖြစ်ခဲ့

ဂရိနိုင်ငံအလံနှင့် အီးယူအလံအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

အေသင် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဂရိ နိုင်ငံ စီးပွားရေး နယ်ပယ်မှ လေ့လာသူ များက ဂရိ နိုင်ငံသည် ဇွန်လ ၂၉ ရက်နေ့ မှ စတင်၍ ဘဏ် လုပ်ငန်းများအား ရပ်ဆိုင်းကာ ငွေကြေး ထိန်းချုပ်မှု များဆောင်ရွက် ခဲ့သောကြောင့် စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်း ခဲ့ရသည့် အဖြစ်နှင့် ကြုံတွေ့ ခဲ့ရပြီး စီးပွားရေး ဆုံးရှုံး နစ်နာမှုမှာ ယူရို ၁.၂ ဘီလီယံ အထိ ရောက်ရှိ နေပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆင်ဟွာ သတင်းဌာနနှင့် အင်တာဗျူး ပြုလုပ် ခဲ့ရာတွင် ဂရိ အစိုးရ၏ ဘဏ် လုပ်ငန်း ရပ်ဆိုင်းမှု နှင့် ငွေကြေး ထိန်းချုပ်မှုကြောင့် လက်တလောတွင် ကုမ္ပဏီများ ဒေဝါလီခံခြင်းနှင့် အကြီးစား ဝန်ထန်း လျှော့ချမှုများကို မတွေ့ရှိရသေးကြောင်း ၊ သို့သော် ဝန်ထမ်း အများအပြားမှ အလုပ် နားနေရပြီး ကုန်စည် ထောက်ပံ့ရေးနှင့် ရောင်းအား မှာလည်း သိသာစွာ ထိခိုက်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ နေ့စဉ် ယူရို ၆၀ သာ ထုတ်ယူရန် ကန့်သက် လိုက်ခြင်းကြောင့် စီးပွားရေး လည်ပတ်မှု မဖြစ်နိုင်တော့ကြောင်း ၊ အခြေအနေမှာ တစ်နေ့တစ်ခြား ပိုမို ဆိုးဝါလာကြောင်း ပြောကြားခဲ့သည်။

ဂရိ စီးပွားရေး အဖွဲ့ချုပ် ဥက္ကဌမှ အကယ်၍ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဂရိ နိုင်ငံနှင့် အကြွေးရှင် နိုင်ငံများ သဘော တူညီမှု ရရှိနိုင်ပါက အခြေအနေ ပြန်လည် ကောင်းမွန်လာနိုင်ပြီး လက်ရှိ အချိန်တွင် ကုန်သွယ်မှု ၊ ကုန်ထုတ်လုပ်ငန်း ၊ အသေးစား စီးပွားရေး လုပ်ငန်းနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း များသည် ရပ်ဆိုင်းထားရသည့် အခြေအနေတွင် ရှိနေကြောင်း ၎င်းမှ ဆက်လက် ပြောကြား ခဲ့သည်။

ဂရိ နိုင်ငံသည် ဇွန်လအတွင်း အကြွေးရှင်း နိုင်ငံများနှင့် သဘောတူညီမှု မူကြမ်းအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရန် ဆုံးဖြတ် ပြီးနောက် ဥရောပ ဗဟိုဘဏ်မှ ဂရိ နိုင်ငံအတွက် အရေးပေါ် လည်ပတ်မှု ရရှိရေး ထောက်ပံ့ငွေ ပမာဏ မတိုးမြှင့်ရန် ဆုံးဖြတ် ခဲ့သည်။ ဘဏ်လုပ်ငန်း များလုံးဝ ပြိုလဲ သွားခြင်း မဖြစ်ပွားရန် ဂရိ အစိုးရ မှ ဇွန်လ ၂၉ ရက်နေ့ မှ စတင်၍ ဘဏ်လုပ်ငန်း များအား ရပ်ဆိုင်းလိုက်ပြီး ငွေကြေး ထိန်းချုပ်မှု များပြုလုပ်ကာ ဘဏ်လုပ်ငန်း ရပ်ဆိုင်းသည့် ရက်အား နှစ်ကြိမ် တိုးမြှင့်ခဲ့သည်။ စီးပွားရေး ပညာရှင် များ၏ တွက်ချက်မှု အရ ငွေကြေး ထိန်းချုပ်မှု စနစ် ကြာရှည်စွာ ဆောင်ရွက်ပါက ဂရိ နိုင်ငံသည် ၎င်း၏ GDP ၅ ရာခိုင်နှုန်းခန့် ဆုံးရှုံး ရနိုင်ဖွယ် ရှိကြောင်း ပြောကြား ခဲ့သည်။

အီးယူ ၂၈ နိုင်ငံ မှ ခေါင်းဆောင် များမှ လာမည့် ၁၂ ရက်နေ့တွင် ဂရိ ကြွေးမြီ ပြဿနာ နှင့် ပတ်သက်၍ အစည်းအဝေး ကျင်းပမည် ဖြစ်သည်။ ဤသည် ဂရိ နိုင်ငံအား ကူညီ ကယ်ဆယ်ရေး သဘောတူညီမှု ရရှိနိုင်ရန် နောက်ဆုံးရက် သတ်မှတ်ချက် ဖြစ်သည်။ (Xinhua)